AD
AD
AD

play

 

“အများပိုင်ကုမ္ပဏီကြီး ၅ ခု၊ ဘဏ် ၂ ဘဏ် အခြေအနေ မဟန်တော့ဘူး၊ ဒေ၀ါလီသာဆိုရင်တော့ ခံပေးအုံးပေါ့ ပြည်သူတွေ”လို့ သတင်းမှားရေးသားခဲ့တဲ့ Kyaw Swe အမည်နဲ့ ဖေစ့်ဘုတ် အကောင့်ပိုင်ရှင်က ဇွန်လ ၁၂ ရက်နေ့ မှာ ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုလူမှုကွန်ရက်ပေါ်မှာ ရေးသားဖြန့်ဝေတဲ့ အကောင့်ပိုင်ရှင်ကို အရေးယူဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က မီဒီယာတွေကို ပြောကြားခဲ့ပြီးနောက်ပိုင်းမှာ အဆိုပါအကောင့်ပိုင်ရှင်က လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

အများပိုင်ကုမ္ပဏီ ၅ ခုနဲ့ ပြည်တွင်းဘဏ်နှစ်ခု အခြေအနေမဟန်တော့ဘူးဆိုပြီး ဇွန်လ ၁၀ ရက်နေ့က ရေးသားခဲ့တာကို အဆိုပါ အကောင့်ပိုင်ရှင်က ပြန်လည် တောင်းပန်လိုက်တာဖြစ်ပြီး စာရင်းစစ်တစ်ဦးဆီကရတဲ့ အချက်အလက်နဲ့ ရေးသားလိုက်တာဖြစ်တယ်လို့ မူရင်းရေးသားသူ Kyaw Swe ဆိုသူက လူမှုကွန်ရက်မှာ ပြန်လည်ရေးသားခဲ့ပါတယ်။

play

 

"ကျွန်​​တော်​ ရရှိ​သော သတင်းမှာ ကာကွယ်​​ရေးဝန်​ကြီးဌာန မပါ အခြားဝန်​ကြီး ဌာနအသီးသီး​အောက်​မှာ ရှိ​နေသည့်​ ဘဏ်​များကို စီမံကိန်းနှင့်​ဘဏ္ဍာ​ရေးဝန်​ကြီး ဌာန​အောက်​တွင်​ မူလ လုပ်​ငန်းဝန်​​ဆောင်​မှုများ ​ဆောင်​ရွက်​​စေလျှက်​ ​ရွေ့​ပြောင်းရမည်​။ ထိုသို့ ​ရွေ့​ပြောင်းဖို့ ​ဆောင်​ရွက်​ရာမှာ ဘဏ်​ ၂ ဘဏ်​တွင်​ အလွဲအမှားများ ​တွေ့​နေရ​ကြောင်း၊ ဒါ​ကြောင့်​ အ​ရေးယူမှု​တွေ ရှိလာနိုင်​​ကြောင်း ဖြစ်​ပါသည်​"လို့ ပြန်လည်ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပိုစ့်ကြောင့် ဘဏ်​လုပ်​ငန်းရှင်​တွေနဲ့ ဘဏ်​နဲ့ ဆက်​သွယ်​ပတ်​သက်​သူတွေ စိုးရိမ်​ပူပန်​ရတာကို အထူးစိတ်​မ​ကောင်း ဖြစ်​ရတယ်လို့ ရေးသားထားပြီး ဘဏ်​အသီးသီးမှ တာဝန်​ရှိသူတွေ လာရောက်ရှင်းပြတာကို အားနာရတယ်လို့လည်း ရေးသားထားပါတယ်။

အဆိုပါ အကောင့်ပိုင်ရှင်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD