AD
AD
AD

play
ရန်ကုန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်မြင်ကွင်း။

 

၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူတွေ တက္ကသိုလ်ဝင်ခွင့်လျှောက်ထာဖို့အတွက် ဇွန်လ ၂၅ ရက်နေ့က စပြီး ၀င်ခွင့်ပုံစံ စာအိတ်ကို ထုတ်ယူကြဖို့ ပညာရေးဝန်ကြီးဌာနက ကြေငြာလိုက်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို ဇွန်လ ၂၆ ရက်နေ့ကနေ ဇူလိုင် ၂၀ ရက်နေ့အထိ လျှောက်လွှာတင်သွင်းနိုင်မှာဖြစ်ပါတယ်။

မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ စစ်ကိုင်း၊ မုံရွာ၊ ဟားခါး၊ ထားဝယ်၊ တောင်ငူ၊ ပြည်၊ ပဲခူး၊ မကွေး၊ ပခုက္ကူ၊ မန္တလေး၊ မိတ္ထိလာ၊မော်လမြိုင်၊ စစ်တွေ၊ တောင်ကုတ်၊ ရန်ကုန်အဝေးသင်၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ ပုသိမ်၊ ဟသာင်္တ၊ ပခုက္ကူ တက္ကသိုလ်တို့ကို လျှောက်ထားလိုရင် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ၊သထုံလမ်း၊ ကမာရွတ်မြို့နယ်ကို ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။

play

 

၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် ၀င်ခွင့်တွေကို သက်ဆိုင်ရာတက္ကသိုလ်တွေကနေ သီးခြားခေါ်ယူမှာဖြစ်ပြီး နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွေမှာ တိုက်ရိုက် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြီး ဖြေဆိုသူပေါင်း ၇၈၉၈၄၅ ဦး ၀င်ရောက် ဖြေဆိုခဲ့ရာမှာ ၂၅၉၁၉၁ ဦး အောင်မြင်ခဲ့တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်သူ ၃၂.၈၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD