AD
AD
AD
play
၂၀၁၆ ခုနှစ်က ကလေးမြို့တွင်း မြစ်ရေကြီးနေစဉ်။ Photo : MRCS

 

မုတ်သုံလေအားအလွန်ကောင်းနေလို့ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် မြန်မာနိုင်ငံအတွင်းက မြစ်ကြီးသုံးခုမှာ စိုးရိမ်ရေမှတ်ထက် မြင့်တက်နိုင်တယ်လို့ မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနက ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ၁ နာရီ ၃၀ အချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေက ဟုမ္မလင်းမြို့မှာ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် (၅)ပေခန့်မှာ ရောက်ရှိပြီး အဆိုပါမြစ်ရေက နောက် (၂) ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

play
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကွေး-နတ်မောက်ကားလမ်းပေါ်တွင်း ချောင်းရေကျော်နေစဉ်။

 

ဒါ့အပြင် ကုလားတန်မြစ်ရေက ကျောက်တော်မြို့မှ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်မှာ ရောက်ရှိနေကာနောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မနက်ဖြန်ဇွန်လ ၁၄ ရက်အထိ ဆက်လက်မိုးကြီးနိုင်တာကြောင့် ဟုမ္မလင်းမြို့နယ်နဲ့  ကျောက်တော်မြို့နယ်အတွင်းရှိ မြစ်ကမ်းနားနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလဦးစီးဌာနက သတိပေးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD