AD
AD
AD
play

 

၂ဝ၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ (FIFA World Cup-2018) ပွဲစဉ်တွေထဲက ၁၆ ပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့ ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၁၅ ရက်အထိ အဆိုပါ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ၁၆ သင်းအဆင့် ပွဲစဉ်တချို့၊ အကြိုဗိုလ်လုပွဲနဲ့ နောက်ဆုံး ဗိုလ်လုပွဲပွဲစဉ် အပါအဝင် စုစုပေါင်း ၁၆ ပွဲကို ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

play

 

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဒီနေ့ (ဇွန် ၁၄ ရက်)မှာ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ လုဇ်နီကီအားကစားကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ည ၈ နာရီခွဲမှ စတင်ကာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုင်ငံတကာအသင်းပေါင်း ၃၂ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ပွဲစဉ်ပေါင်း ၆၄ ပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD