AD
AD
AD
play

 

အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဂုဏ်ပြုကြောင်း ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၈ ဇွန်လ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာတွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့အကြား နှစ်နိုင်ငံ ပူးတွဲကြေငြာချက်ကို ကြိုဆိုတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကရတဲ့ အပြုသဘာဆောင်တဲ့ရလဒ်တွေက ကိုရီးယားကျွန်းဆွယ်အတွင်းက နျူကလီးယားလက်နက် လုံးဝကင်းစင်ရေးအတွက် ခေါင်းဆောင်နှစ်ဦးအကြား ဆက်လက်ဆောင်ရွက်နိုင်စေမှာဖြစ်ပြီး ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်းလုံးက တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုမယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

ထိပ်သီးအစည်းအဝေးအတွက် ကြိုးပမ်းခဲ့တဲ့ အမေရိကန်၊မြောက်ကိုရီးယားနဲ့ အထူးသဖြင့် ဆွေးနွေးပွဲကျင်းပပေးတဲ့ စကာင်္ပူနိုင်ငံတို့ကို ဂုဏ်ပြုတယ်လို့ ဖော်ပြထားပါတယ်။

play
Photo : Fox News

 

ထရန့်နဲ့ ကင်မ်တို့ သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်က စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ထိပ်သီးဆွေးနွေးပွဲမှာ နှစ်နိုင်ငံခေါင်းဆောင်တွေက ပူးတွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ရာ ထိုသဘောတူညီချက်တွေအနက် ကင်မ်ဂျုံအန်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး သူ့ရဲ့ကတိကဝတ်ကို အခိုင်အမာထပ်လောင်း ဖော်ပြထားကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနဲ့ ထိပ်သီးဆွေးနွေးပွဲပြီးနောက် အမေရိကန်က တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တော့မှာ မဟုတ်ကြောင်းလည်း အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD