AD
AD
AD

ဇွန်လ ၁၃ ရက်နေ့ညက ရန်ကုန်မြစ်အတွင်း နစ်မြုပ်ခဲ့တဲ့ သမ္ဗန်မှ ပျောက်ဆုံးနေသူ ၄ ဦးကို  ရှာဖွေနေပေမဲ့ မတွေ့ရှိသေးဘူးလို့ သိရပါတယ်။

play
Photo : Yangon Police

 

ရန်ကုန်မော်တင် စဥ့်အိုးတန်းသမ္ဗန်ဆိပ်ကနေ ဒလဘက်ကမ်း ကမာကသွယ်သမ္ဗန်ဆိပ်ကို ထွက်ခွာလာတဲ့ ခရီးသည်တင်သမ္ဗန်မှာ  ဇွန်လ ၁၃ ရက် ည ၈ နာရီခန့်က နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ မောင်းနှင်သူအပါအဝင် လိုက်ပါလာသူ ၁၂ ဦးမှ ၈ ဦးကို  အဲဒီညကတည်းက တွေ့ရှိခဲ့ပေမဲ့ ၄ ဦးက ပျောက်ဆုံးနေခဲ့ပါတယ်။

play
Photo : Yangon Police

 

ပျောက်ဆုံးနေသူများကို ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းရှာဖွေနေတာ ဖြစ်ပြီး ဇွန်လ ၁၄ ရက်ညအထိ မတွေ့ ရှိသေးဘူးလို့ ဆိပ်ကမ်းမြို့ နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြောင်း 7daydaily သတင်းစာ မှာ ဖော်ပြထားပါတယ်။

ပျောက်ဆုံးနေသူ ၄ ဦးမှာ ကမာကသွယ်ရပ်ကွက်နေ ကိုရာဂျားနှင့် ဇနီး မဒါးနီ၊ ဗညားဒလရပ်ကွက်နေ မဥမ္မာလွင်နှင့် စက်မြေရပ်ကွက်နေ  မဆန်းသီး တို့ဖြစ်ကြောင်းလည်း ယင်းသတင်းစာမှာ ရေးသားထားပါတယ်။ ၄ ဦးစလုံးမှာ အသက် ၂၆ နှစ်နဲ့ ၃၀ ကြား လူငယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

play
Photo : Yangon Police

 

ရန်ကုန်ဘက်မှ ဒလဘက်သို့ ပြေးဆွဲနေတဲ့ သမ္ဗန်ဆိပ် ၁၀ ခု ခန့်ရှိပြီး  ခရီးသည်သောင်းဂဏန်းခန့်  နေ့စဥ့်ပို့ဆောင်ပေးနေရကာ သမ္ဗန်တစ်စီးရဲ့ တစ်ရက်တာ ပြေးဆွဲမှုခေါက်ရေက ပျမ်းမျှ ၃၀ခန့်ရှိတယ်လို့လည်း သိရပါတယ်။

ယင်းသမ္ဗန်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး စက်လှေကိုပေါ့လျော့စွာ မောင်းနှင်သူ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်နေ ကျော်မင်း(၄၄)နှစ်ကို မြို့မရဲစခန်း(ပ) ၁၃၀/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD