AD
AD
AD
play
Photo : Myanmar Fire Services Department

 

ဇွန်လ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့နယ်ရှိ၊ ပုပ္ပားတောင်ကလပ်တွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မြေပြိုမှုသတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများံ ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

play
Photo : Myanmar Fire Services Department

 

မြေပြိုမှုကြောင့် ပုပ္ပားတောင်ကလပ်အနီး တည်ဆောက်ထားရှိသည့် ရွှေကူချောင်ကျောင်းတိုက်မှ (၃၀×၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် ဆွမ်းချက်ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း  ကနဦးသတင်းရရှိထားတယ်လို့ သိရပါတယ်။

လတ်တလောကာလအတွင်း မြန်မာနိုင်ငံနေရာဒေသတော်တော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ နှင့်  မြေပြိုမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD