AD
AD
AD

တရားလို စူးရှထက်က ရုံးချိန်းလာဖို့ ပျက်ကွက်တာကြောင့် နောက်ထပ်ရုံးချိန်းတွေလာဖို့ကို တရားရုံးက သမ္မာန်စာနဲ့ ဆင့်ခေါ်သွားမယ်လို့ ဇွန်လ ၁၅ ရက်နေ့ ခြောက်ကြိမ်မြောက်ရုံးချိန်းမှာ သိရပါတယ်။ဇွန်လ ၁၅ ရက်နေ့ရုံးချိန်းမှာတော့ အစ္စဏီဘက်က ရှေ့နေပြောင်းလဲခဲ့ပြီးတော့ ရှေ့နေအသစ်ကို ပါဝါတင်ခဲ့တယ်လို့ ဆိုပါတယ်။

 

နောက်လာမယ့် ခုနှစ်ကြိမ်မြောက်ရုံးချိန်းကိုတော့ ဇွန်လ ၂၅ ရက်နေ့ကို ချိန်းဆိုထားပြီး မှုခင်းဆရာဝန်နဲ့ တရားလို စူးရှထက်ကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ဒီနေ့ဘာလို့ မလာတာလဲတော့ ကျွန်တော်မသိဘူး။ ခွင့်မဲ့ပျက်ကွက်တာပေါ့။သူတစ်ရက်ပျက်ရင် တစ်ရက်နစ်နာတယ်ခွင့်စာလည်း မတင်တာကြောင့် တစ်ပါတ်ဆိုတစ်ပါတ်နစ်နာတယ် ။သူက မလာဘူးလေ ၁၃ ရက်နေ့မှာ the one က NYX မှာ မနက်လေးနာရီအထိရှိနေတယ်။ ကနေတာလေ ။ ဗွီဒီယို ဖိုင်တွေလည်းရှိနေတာပဲ။ ခွင့်မဲ့ပျက်ကွက်တော့ တစ်ပါတ်ဆိုတစ်ပါတ်နစ်နာတာပဲလေ ‘လို့ အစ္စဏီရဲ့ အကို ကိုကျော်စွာက ပြောပါတယ်။

play

 

 တာမွေမြို့နယ် တရားသူကြီးက ဒီကနေ့  ဇွန်လ ၁၅ ရက်နေ့ရုံးချိန်းမှာ ရှေ့နေ သုံးဦးကို ပါဝါတင်တာဖြစ်ပြီးတော့ တရားလိုကို နောက်ထပ်ရုံးချိန်းလာဖို့ ဆင့်ခေါ်ထားတယ်လို့ ဆိုပါတယ်။ နောက်လာမယ့် ခုနှစ်ကြိမ်မြောက်ရုံးချိန်းကိုတော့ ဇွန်လ ၂၅ ရက်နေ့ကို ချိန်းဆိုထားပြီး မှုခင်းဆရာဝန်နဲ့ တရားလို စူးရှထက်ကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

play
ယခင်ရုံးထုတ်ခဲ့စဉ် တရားလိုစူးရှထက်ကို တွေ့ရစဉ်

 

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါင်္တွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD