AD
AD
AD
play

 

ဆောက်လက်စ အဆောက်အဦတစ်ခုရဲ့ ဖောင်ဒေးရှင်းကျင်းထဲမှာ အုတ်စီနေတုန်း မြေဇာပုံပြိုကျပြီး ဆောက်လုပ်ရေးလုပ်သားနှစ်ဦး မြေပိသေဆုံးခဲ့မှု ပခုက္ကူမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

play

 

ဇွန်လ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီ အချိန်လောက်က ပခုက္ကူမြို့နယ်၊ ၁၅ ရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ဆောက်လက်စအဆောက်အဦ ဖောင်ဒေးရှင်းကျင်းအတွင်း အုတ်စီနေုတုန်း မြေစာပုံပြိုကျပြီး အလုပ်သမား (၂)ဦး ပိမိနေလို့ ပခုက္ကူခရိုင်မီးသတ်စခန်းမှ လူနာတင်ယာဉ် ၁ စီး၊ သန္ဓေ ၁၆ဦး၊ အရန် ၁၀ဦး တို့နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီလိုဆောင်ရွက်ရာမှာ မွန်းတည့် ၁၂း၁၅ အချိန်မှာ မြေစာပုံပိနေသူ (၂)ဦးကို  ကယ်ထုတ်နိုင်ခဲ့ပြီး ရှေးဦးသူနာပြုစုခြင်း၊ အောက်ဆီဂျင် ပေးတာတွေပြုလုပ်ပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမယ့် ဆေးရုံအရောက်မှာ မြေစာပုံပိသူ (၂)ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ပခုက္ကူမြို့မ ရဲစခန်းက ဆိုက်တာဝန်ခံကို အမှုဖွင့်အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD