AD
AD
AD
play

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ဖို့ စည်ပင်သာယာရေးဥပဒေ မူကြမ်းကို ဇွန်လ တတိယပတ်မှာ တိုင်းဒေသကြီးလွှတ်တော်မှာ အတည်ပြုသွားမယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်တိုင်ဒေသကြီး လွှတ်တော်အမတ် ဦးလှဌေးရဲ့ပြောကြားချက်ကို ဒီနေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြထားပါတယ်။

“စည်ပင်သာယာရေး ဥပဒေ ဆွေးနွေးတာ လွှတ်တော်ဘက်က အားလုံးပြီးသွားပြီ။ လွှတ်တော်ကိုတင်ဖို့ အဆင်သင့် ဖြစ်နေပြီ။ မြို့တော်ဝန်က အခု ပြည်ပ ခရီးစဉ်သွားတယ်။ မြို့တော်ဝန် ပြန်ရောက်တာနဲ့ လာမယ့်အပတ် တိုင်းလွှတ်တော်မှာတင်ပြီး အတည်ပြုဖို့ လုပ်သွားမယ်။ လွှတ်တော်က အတည်ပြုပြီးတာနဲ့ ၇ ရက်ဆို အသက်ဝင်ပါမယ်”လို့  ဦးလှဌေးက ပြောပါတယ်။

ယခုလက်ရှိ မြို့နယ်တွေမှာ စည်ပင်ရွေးကောက်ပွဲမှာ မဲပေးနိုင်မယ့် အသက် ၁၈ နှစ်ပြည့်ပြီးသည့်သူ စာရင်းများ ကို ပြုစုနေပြီး ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် စည်ပင်ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိမယ်လို့  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်းများမှာ စည်ပင်သာယာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပတ်သက်တဲ့ ရှင်းလင်းပွဲကို ဇွန်လ ၁၆ ရက်မှာ ရန်ကုန်မြို့ Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။

အရင် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်ကကျင်းပခဲ့ပြီး ရွေးချယ်ခံရတဲ့ ကော်မတီဝင် ၄ ဦး၊ ခရိုင် ၄ ခရိုင်မှ ကိုယ်စားလှယ် ၁၂ ဦး၊ ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးတို့က ၂၁၀၆ ခုနှစ် မေလ ၁၈ ရက်မှာ တာဝန်ပြီးဆုံးခဲ့ပေမယ့် ယခုလက်ရှိမှာ အဆိုပါ ကိုယ်စားလှယ်တွေ လစ်ဟာနေတာက ၂ နှစ်ကျော် ကြာမြင့်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်က စတင်ကျင်းပပြုလုပ်ခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲမှာ အိမ်ထောင်စုတစ်စုကို အသက် ၁၈ နှစ်ပြည့်တဲ့ အိမ်ထောင်ဦးစီးသာ မဲပေးခွင့်ရရှိခဲ့ပြီး အဆိုပါရွေးကောက်ပွဲကို ရန်ကုန်တိုင်းအစိုးရက ကျပ်သိန်းငါးထောင်ခန့် သုံးစွဲကာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD