AD
AD
AD
play

 

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုတွေကြောင့် ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းကစပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ရေကြီးနစ်မြုပ်မှု ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရပြီး မြေပြိုမှုတွေလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မုတ်သုံလေ အားကောင်းခဲ့တာကြောင့် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပြီး သံလွင်မြစ်ရေ မြင့်တက်လာတာကြောင့် ကမ်းနားလမ်းတလျောက်နဲ့ မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တွေအားလုံးနီးပါး ရေကြီးမှု ဒဏ်ကို ခံစားနေရတယ်လို့ သိရပါတယ်။

play

 

"မြစ်ရေလည်းတိုးတယ်၊ မိုးများလို့အမြင့်ပိုင်းကလည်း ရေတွေကျလာတယ်၊ ကားတွေ ရေထဲမျောပါတာတွေဖြစ်တယ်၊ အမိုးတွေ ပြိုကျတယ်၊ ဂတ်စ်အိုးတွေ မျောလာတယ်, လူတွေလည်း ပိတ်မိနေတယ်လို့" မော်လမြိုင်မြို့ဒေသခံ ကိုအောင်ဇော်ထက်က ဓူဝံ မီဒီယာကို ပြောပါတယ်။

play

 

လက်ရှိ ရာသီဥတုအခြေအနေအရ မကွေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအလယ် ပိုင်းဒေသများ မိုးရွာသွန်းမှုလျော့ကျနိုင်ပြီး အောက်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် တိုင်းဒေသကြီးနဲ့ ရခိုင်၊ချင်း၊ ကရင်နဲ့မွန်ပြည်နယ်တို့တွင် နေ ရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD