AD
AD
AD
play
မြေပြိုမှုကြောင့် ကျိုက်သလ္လံစေတီတော်ရင်ပြင် အရှေ့ဘက်အခြမ်း ဆိုးဆိုးရွားရွား ပြိုကျသွားခဲ့သည်။ Photo : Hin Tha News

 

မုတ်သုံလေအလွန်အားကောင်းနေတာနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးရေချိန်စံချိန်တင်အောင်ရွာသွန်းခဲ့တာကြောင့် မွန်ပြည်နယ်တစ်ခုလုံးနီးပါး ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရကာ မော်လမြိုင်၊ မုတ္တမ၊ မုဒုံနဲ့ သံဖြူဇရပ်မြို့မှာ အခြေနေဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းကနေစတင်ရွာသွန်းခဲ့တဲ့မိုးကြောင့် မော်လမြိုင်မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ မြိုင်သာယာ၊ သီရိမြိုင်၊ ဖက်ခင်း၊ ဇေယျာမြိုင်၊ တောင်ဝိုင်းရပ်ကွက်တို့မှာ ရေကြီးနစ်မြုပ်ခဲ့ပြီး၊ နေအိမ်၊ ကား၊ ဆိုင်ကယ်တို့ ရေကြီးနစ်မြုပ်ပြီး တချို့နေရာနေမှာ လူတစ်ရပ်ကျော်ခန့် ရေကြီးခဲ့ပါတယ်။

ဒါ့အပြင် ကျိုက်သလ္လံဘုရား အရှေ့ဘက်မုခ်ရှိ မြေသားနံရံပြိုကျကာ ဓာတ်လှေကားတိမ်းစောင်းမှု ဖြစ်ပွားခဲ့ပြီး အနီးဝန်းကျင်မှာရှိတဲ့ နေအိမ်တချို့ကို ပြောင်းရွှေ့ထားရပါတယ်။

play
တောင်ကျရေကျဆင်းမှုကြောင့် ကျိုက်မရော - မုဒုံသွားကားလမ်းပေါ်ရှိတံတားတစ်စင်း ရေတိုက်စားပျက်စီးခဲ့စဉ်။

 

ပေါင်မြို့နယ် မုတ္တမမြို့ရှိ မေတ္တာမွန်၊ ချမ်းသာကြီး၊ ဝါတီရှူး အပါအဝင် ရပ်ကွက် ၅ ခုနဲ့  မုတ္တမတိုက်နယ် ဆေးရုံမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့လို့ ဆေးရုံကလူနာတွေကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့ တောင်ကျရေကျဆင်းမှုကြောင့် ကျိုက်မရော - မုဒုံသွားကားလမ်းပေါ် ဘုရားနှစ်ဆူနားက တံတားတစ်ခု ရေတိုက်စားလို့ပြိုကျနေကာ ခုနှစ်ခွေတောင်ကမ်းပါး ဆက်ပြိုကျနေလို့ လမ်းခေတ္တပိတ်ထားရတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ လူမှုကူညီရေး အသင်းတွေကနေ သိရပါတယ်။

play
ကျိုက်သလ္လံဘုရား အရှေ့ဘက်မြင်ကွင်း။

 

မော်လမြိုင်မြို့မှာ ကြုံတွေ့ခဲ့ရတဲ့ ရေကြီးမှုဖြစ်စဉ်က လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ အတွင်းအဆုံးရွားဆုံး ရေကြီးမှုတစ်ခုဖြစ်တယ်လို့ မော်လမြိုင်မြို့ ဒေသခံ ဦးနိုင်မင်းလွင်က ဓူဝံ မီဒီယာကို ပြောပါတယ်။

ရေကြီးမှုဖြစ်စဉ်တွေကြောင့် မွန်ပြည်နယ်တစ်ခုလုံးမှာ ကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားရပြီး လူပေါင်း ၃၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရာချထားပေးခဲ့ရတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD