AD
AD
AD
play

 

ကရင်ပြည်နယ်ထဲက မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးသူတွေနဲ့ သုံးစွဲသူတွေကို အထူးသတိထား စောင့်ကြည့်နေပြီး ပညာပေးလုပ်ငန်းတွေကို ဇွန်လကစပြီး တစိုက်မတ်မတ် လုပ်ဆောင်နေတယ်လို့ ကရင်ပြည် နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားခဲ့တာကို ဒီနေ့ထုတ် 7Day သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိ မူးယစ်ဆေးဝါးသုံး စွဲနေသူတွေအနေနဲ့ ဆက်လက်မသုံးစွဲတော့ဘဲ အစိုးရအဖွဲ့ကို ဆက်သွယ်ပြီး ဆေးလာဖြတ်ဖို့လည်း တိုက်တွန်း ခဲ့တယ်လို့ ဆိုပါတယ်။ ‘‘ဘယ်သူမဆို လာဖြတ်ကြ ပါ။ အဖမ်းမခံရပါဘူး။ အဖမ်းခံရမှာကို စိုးရိမ်ပြီး မလာဘဲမနေကြပါနဲ့’’လို့ ဒေါ်နန်းခင်ထွေးမြင့်က ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပညာပေးဟောပြောပွဲတွေကို တစ်ပြည်နယ်လုံးမှာရှိတဲ့ စာကျောင်းတွေမှာ ပြုလုပ်နေ တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူများပြားပြီး မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကြီးကြီးမားမား ရင်ဆိုင်နေရတာကြောင့် စီမံချက်ချကာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့အပါအဝင် ဘားအံ၊ လှိုင်းဘွဲ့ စတဲ့မြို့တွေမှာ မူးယစ်ဆေးဝါးတွေ မကြာ ခဏဖမ်းဆီးရမိနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းကလည်း ဘားအံအကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD