AD
AD
AD
play

 

ဦးကိုနီကိုသေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့ ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို မူရင်းစွဲဆိုထားတဲ့ပုဒ်မတွေအတိုင်း အတည်ပြုဖို့ ရန်ကုန်တိုင်း တရားလွှတ်တော်က ဇွန်လ ၁၈ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

ဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သတ်ပြီး တရားခံကြည်လင်းက သူ့ကို စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ကြိုတင်ကြံစည် လူသတ်မှုပုဒ်မကို ပယ်ဖျက်ပေးဖို့တောင်းဆိုပြီး ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးက စွဲချက်တွေကိုပယ်ဖျက်ပေးဖို့ တောင်းဆိုထားတာပါ။

"တရားရုံးက ကြည်လင်းနဲ့ အောင်ဝင်းဇော်အပေါ်မှာစွဲထားတဲ့အမိန့် တွေအကုန်လုံးကို အတည်ပြုတယ် ။ ဇေယျာဖြိုးနဲ့ ပတ်သတ်တဲ့ အမိန့်ကျတော့ ၃၄ နဲ့ စွဲထားတာကို လွှတ်တော်က လက်မခံဘူး။ လက်မခံဘဲနဲ့ ၁၀၉ နဲ့ စွဲချက်တင်ပေးတယ်။ ကျန်တဲ့အမှုတွေအားလုံး တင်သမျှကို ပလပ်လိုက်တယ်။ ကြည်လင်းနဲ့ အောင်ဝင်းဇော်အပေါ်မှာ စွဲချက်တင်ထားတာတွေ အတည်ပြုတယ်။ ဇေယျာဖြိုးနဲ့ ပတ်သတ်ပြီး ၃၄ နဲ့ စွဲချက်တင်ထားတာကို ဖျက်ပြီးတော့ ၁၀၉ နဲ့ စွဲချက်တင်လိုက်တယ်။ ကျန်တာအကုန်က မူလရုံးက ချထားတဲ့အမိန့်အတိုင်းပါပဲ"လို့ တရားလိုရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။

play

 

ဒါ့အပြင် လက်နက်မှုနဲ့ပတ်သက်ပြီး အောင်ဝင်းဇော်အပေါ်စွဲဆိုထားတဲ့ ပုဒ်မတွေကို သက်သေခံအထောက်အထားမရှိလို့ တရားလွှတ်တော်က ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။

"ပူးပေါင်းကြံစည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ဇေယျာဖြိုးကိုတော့ မူလက ပုဒ်မ ၃၄ အကြံတူတစ်ခုကို အကြံအတိုင်းပြီးမြောက်ဖို့အတွက် လူတိုင်း ပါဝင်ပတ်သတ်ခဲ့တယ်ဆိုတဲ့ ပုဒ်မအစား ပုဒ်မ ၁၀၉ ပြစ်မှုကျူးလွန်ရာမှာ အားပေးကူညီခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပြောင်းလဲဖို့ အမိန့်ချခဲ့ပါတယ်။ ဇေယျာဖြိုးက အမှုနဲ့ ပတ်သတ်ကြောင်း အထောက်အထားတွေရှိတယ်။ သို့သော်လည်း အမှုဖြစ်တဲ့နေရာမှာသူမရှိဘူး။ ပုဒ်မ ၃၄ အရ စွဲချက်တင်နိုင်လောက်တဲ့အနေအထားမှာမရှိဘူး။ ဇေယျာဖြိုးက ပြစ်မှုကျူးလွန်ရာမှာ တစ်စိတ်တစ်ပိုင်းကူညီတဲ့အကြောင်းအရာကြောင့်ဆိုရင် ၁၀၉ နဲ့စွဲချက်တင်ရမယ် ဒါလည်းအမှန်ပဲ"လို့ ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။

အဓိက တရားခံကြည်လင်းကို လူသတ်မှု ပုဒ်မ ၃၀၂ အပြင်ကြိုတင်ကြံစည်လူသတ်မှု ၃၀၂ (၁)ခ ၊ အောင်ဝင်းထွန်းကို ပုဒ်မ ၂၁၂ ၊အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ပူးပေါင်းကြံစည်မှုတို့နဲ့ မြောက်ပိုင်းခရိုင်တရားရုံးက တရားစွဲဆိုထားပြီး တိုင်းလွှတ်တော်က အမိန့်ချမှတ်လိုက်တာကြောင့် နောက်လာမယ့် ရုံးချိန်းတွေကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ပြန်လည်စစ်ဆေးတော့မှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်နေ့က ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ကြည်လင်းး (ခ) ဖိုးထူးက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD