AD
AD
AD
play

 

သက်ငယ်မုဒိမ်းမှုကျူးလွန်သူတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ သေဒဏ်ချမှတ်တဲ့အထိ ပြစ်ဒဏ်ပေးနိုင်ဖို့ အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲပြဋ္ဌာန်းဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ကန့်ကွက်သူများလို့ မဲဆွဲဆုံးဖြတ်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီ ရသေ့တောင်အမတ် ဒေါ်ခင်စောဝေက အထက်ပါအဆိုကို ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့တာ ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်နဲ့ ပြည်ထောင် စုရှေ့နေချုပ်ရုံး ဒုရှေ့နေချုပ်ဦးဝင်းမြင့်တို့က မှတ်တမ်းအဖြစ်ထားရှိဖို့ သဘောထားမှတ်ချက် ပြုခဲ့တယ်လို့ ဆိုပါတယ်။

‘‘အခုအပြင်မှာ လွှတ်တော် ရဲ့အပြင်မှာ သက်ငယ်မုဒိမ်းမှု တွေကို သေဒဏ်ပေးရေးအဆို တွေ ပြင်းပြင်းထန်ထန်တောင်း ဆိုနေတာကိုလည်း ကျွန်မတို့ အကုန်လုံး ကြားသိပြီးဖြစ်ပါတယ်။ အဲဒါကြောင့် ပြည်သူတွေရဲ့အသံကို အလေးထားဖို့ လိုအပ်တယ်လို့ ကျွန်မအနေနဲ့ ပထမပြောကြားလိုပါတယ်ရှင်’’လို့ ဒေါ်ခင်စောဝေက လွှတ်တော်သို့ ပြောခဲ့တာပါ။

နိုင်ငံတွင်းမှာ သက်ငယ်မုဒိမ်းမှုတွေ ပိုမိုများပြားလာလို့ ဒီအခြေအနေကို ဟန့်တားနိုင်ဖို့ ကျူးလွန်သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ လိုအပ်နေလို့ ဒီအဆိုတင်သွင်းရတာ ဖြစ်တယ်လို့ ဒေါ်ခင်စောဝေက ဓူဝံ မီဒီယာကို ပြောပါတယ်။

အဆိုပါအဆိုကို ပြည်သူ့လွှတ်တော်မှာ စက်ခလုပ်နှိပ်ပြီးမဲခွဲခဲ့ရာမှာ မဲပေးခွင့်ရှိသူ ၃၈၅ ဦးအနက် ထောက်ခံမဲ ၁၄၁ မဲ၊ ကန့်ကွက်မဲ ၂၂၇ မဲ၊ ကြားနေမဲ လေးမဲနဲ့ ရှုံးနိမ့်ကာ မှတ်တမ်းသာဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုနှုန်းက ၂၀၁၆ မှာ ၉၆ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၉၇ ဒသမ ၉၉ ရာခိုင်နှုန်းနဲ့ ၂၀၁၈ ပထမလေးလပတ်တွင် ၆၇ ဒသမ ၁၇ ရာခိုင်နှုန်းကို တရားစွဲဆိုတင်ပို့ထားနိုင်တယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက လွှတ်တော်မှာ ရှင်းလင်းပြောကြားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD