AD
AD
AD
play

 

အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ထားခြင်းမရှိတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေက ဖိတ်ကြားတဲ့အခမ်းအနားတွေကို ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခြင်းမပြုဖို့ နိုင်ငံတော်သမ္မတရုံးက ဇွန်လတတိယပတ်အတွင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

"နိုင်ငံတော်အစိုးရ(သို့မဟုတ်) တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ထားခြင်းမရှိသော ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ၏ အစီစဉ်ဖြင့်ကျင်းပပြုလုပ်သည့် အခမ်းအနားများသို့တက်ရောက်ရန်ဖိတ်ကြားမှုများကို လက်ခံတက်ရောက်ခြင်း မပြုရန် လမ်းညွှန်မှုအရ အကြောင်းကြားအပ်ပါသည်"လို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

‘‘တချို့တွေက ဘာဖွင့်ပွဲ၊ ညာဖွင့်ပွဲစတာတွေမှာ သွားသွားတက် နေတာ တွေ့ရတယ်။ ဆိုလိုတာက မဆိုင်တဲ့ဟာမှာ သွားပြီးတော့ ဖိတ် တာနဲ့တက်နေတာရှိနေလို့ ထုတ်လိုက်တာ’’လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၁၈ ရက်နေ့မှာ 7 Day သတင်းစာကို ပြောခဲ့ပါတယ်။

အဆိုပါညွှန်ကြားချက်က ဌာနအတွင်းထုတ်ပြန်တဲ့ စာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောခဲ့ပြီး အစိုးရအဖွဲ့ဝင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ထိတွေ့မှု များလာပါက လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပေါ်လာမှာကို ထိန်းချုပ်ရန် ရည်ရွယ်ပြီး အခုလို ညွှန်ကြားချက်ထုတ်ပြန်ခဲ့တာလို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုပြောဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD