AD
AD
AD
play

 

မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ကတ်ပြားတွေကို အလွဲသုံးစား အသုံးပြုကာ တရားမဝင်လေသေနတ်ကိုင်ဆောင်သူနှစ်ဦးကို အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်ထဲက ဦးအောင်အောင်ရဲ့ နေအိမ်မှာ ဇွန် ၁၇ ရက် မနက် ၄ နာရီခွဲလောက်က လူငယ်တွေခိုက်ရန် ဖြစ်ပွားနေတယ်လို့ သတင်းရလို့ တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးရာ ခိုက်ရန်ဖြစ်ပွားနေတဲ့ နိုင်ကျော်ကြီး(ဘ) ဦးကျော်မြင့်ကို ထိုင်ဝမ်နိုင်ငံလုပ် Gas ထည့်ပြီး ကော်စေ့နဲ့ ပစ်ခတ်ရတဲ့ လေသေနတ်တစ်လက်၊ နိုင်ဗေဒါ(ဘ)ဦးအောင်တင်ကို အရိုးအသွား ၁၉ လက်မ၊ ဗြက် ၁ လက်မခန့်ရှိ ကင်ဒိုဓားတစ်လက်နဲ့ ဖမ်းဆီးရမိခဲ့ပြီး ကျန်လူငယ်တချို့မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖမ်းဆီး ရမိသူနှစ်ဦးက ၂ဝ၁၈ခုနှစ်၊ မေလပိုင်းက စစ်ကိုင်းမြို့မှာ စီးပွားရေးလုပ်ငန်းတွေ လေ့လာဖို့အတွက် ရန်ကုန်မြို့ကနေ ရောက်ရှိလာခဲ့ပြီး စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက် ၁ လမ်း၊ အိမ်အမှတ်-၁၆၂ မှာ ငှားရမ်းနေထိုင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ဦးက စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာမှာ အခွင့်အလမ်းတွေ ရယူလိုမှုကြောင့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်ကတ်ပြားများကို အယောင်ဆောင် အသုံးပြုကာ အလွဲသုံးစား ပြုလုပ်ခြင်းအပြင် တရားမဝင် လက်နက်တွေကိုင်ဆောင်ပြီး ခိုက်ရန် ဖြစ်ပွားမှုကြောင့် စစ်ကိုင်းမြို့မရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD