AD
AD
AD
play

 

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆို ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို စွဲချက်တင်ဖို့ သင့်မသင့်ကို ဇူလိုင် ၂ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“အခုက တရားလိုဘက်က သက်သေတွေ ပိတ်လိုက်တာပေါ့။ တပ်ကြပ်ခင်မောင်လင်းက ခေါ်မရလို့ သက်သေပယ်လိုက်တယ်ပေါ့။ ဇူလိုင်လ ၂ ရက်နေ့မှာပဲ စွဲချက်တင်သင့်မသင့်ကို အမိန့်ချမှာပေါ့။ ပုဒ်မက တစ်ခုတည်းပဲ ၃ (၁) နဲ့ပဲ စွဲချက်တင်သင့်မသင်ကို အမိန့်ချမှာ’’ လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဓူဝံ မီဒီယာကို ပြောပါတယ်။

သတင်းထောက်နှစ်ဦးကို အပြန်အလှန်စစ်ဆေးမေးမြန်းခဲ့စဉ်က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သတ်ပြီး စာရွက်စာတမ်းတွေ တွေ့ရှိခဲ့တယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရပေမယ့် သတင်းထောက်တွေရဲ့ ဖုန်းတွေကရရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ပတ်သတ်ပြီး အများပြည်သူက သိရှိထားပြီးဖြစ်ပေမယ့် ဘယ်သူက ပေးခဲ့တယ်၊ ဘယ်က ရရှိခဲ့တယ်ဆိုတာကို တရားလိုပြသက်သေတွေနဲ့ ထွက်ဆိုခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

play

 

သတင်းထောက်နှစ်ဦးကို တရားစွဲဆိုခဲ့တဲ့အမှုမှာ သက်သေ ၂၅ ဦးကို စစ်ဆေးမေးမြန်းခဲ့ဖို့ တင်သွင်းထားတာဖြစ်ပြီး တပ်ကြပ်ကြီး ခင်မောင်လင်းကိုတော့ သက်သေအဖြစ် စစ်ဆေးမေးမြန်းဖို့ပယ်ချခဲ့တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေး တာဝန်ထမ်းဆောင်ပြီးနောက် ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ချဉ်း ကပ်စည်းရုံး ဆက်သွယ်ပြီး အရေးကြီး လုံခြုံရေးစာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်ချက်နဲ့ တရားမဝင် သတင်း ရယူခဲ့တယ်ဆိုပြီး ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပြင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်တဲ့ ဒုရဲမှူးမိုးရန်နိုင်နဲ့ တပ်ကြပ်ခင်မောင်လင်း စုစုပေါင်း လေးဦးကို မြန်မာနိုင်ငံအစိုးရက လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD