AD
AD
AD
play

 

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယယ်တချို့မှာ လျှပ်စစ်ဓာတ်အား (ယာယီ) ပြတ်တောက်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ဇွန် ၁၉ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက ခရိုင်နဲ့ မြို့နယ်တွေမှာ 66kV ၊ 33kV ဓာတ်အားခွဲရုံတွေ၊ Distribution Transformer တွေကို ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းတွေနဲ့ ဟောင်းနွမ်းလို့ ဝန်အားမနိုင်တဲ့ 11kV ဓာတ်အားလိုင်းကြိုးတွေကို လျှပ်ကာပါတဲ့ ဓာတ်အားလိုင်းကြိုးအသစ်တွေနဲ့ လဲလှယ်တဲ့ လုပ်ငန်းတွေကို ဇွန် ၂၁ ရက် မနက် ၉ နာရီကန မွန်းတည့် ၁၂ နာရီအတွင်း လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

play

 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်မယ့် အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ထောက်ကြန့်၊ ဥက္ကံ၊ ဒါးပိန်၊ ဖောင်ကြီး၊ အင်းတိုင်၊ မြောင်းတကာ၊ အဖျောက်၊ ထန်းတပင်၊ ဒဂုံတောင်၊ မင်္ဂလာတောင်ညွန့်၊ ရွှေပေါက်ကံ၊ တာမွေ၊ ဒဂုံဆိပ်ကမ်း၊ ပန်းဘဲတန်း၊ အလုံ၊ ကမာရွတ်၊ ဗဟန်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ လမ်းမတော်၊ သန်လျင်၊ တွံတေးမြို့နယ်တွေမှာ လျှပ်စစ်မီး ဖြတ်တောက်သွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကနေ အသိပေးထုတ်ချက် ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD