AD
AD
AD
play


မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ ကွင်းဆက်တရားခံတွေကို ဆက်လက်ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တာကနေရရှိတဲ့ အကျိုးအမြတ်တွေနဲ့ ရယူပိုင်ဆိုင်ထားတယ်လို့ ယူဆရတဲ့ ပိုင်ဆိုင်မှုပေါင်း ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါးကို ဖမ်းဆီးထိန်းသိန်းထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကွင်းဆက်တရားခံတွေဖြစ်တဲ့ ဇေယျာဟိန်းနဲ့ ထားဝယ်ကြီး (ခ) အောင်လွင်တို့ကို ထပ်မံဖမ်းဆီးရမိထားပြီး ကနဦးစိစစ်တွေ့ရှိထားတဲ့  မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းတွေကို ထိန်းသိမ်းထားပြီး ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

play


မလေးရှားနိုင်ငံကို မူးယစ်ဆေးဝါးတွေပို့ဆောင်ခဲ့သူ မောင်မောင်(ခ)ယာဆင်းကို ဇွန်လ ၅ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး စစ်ဆေးမှုတွေအရ အဆိုပါမူးယစ်ဆေးဝါးတွေကို မလေးရှားနိုင်ငံမှာ သိကျွမ်းခဲ့တဲ့ ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်(ဖမ်းမမိသေး)က တာချီလိတ်မြို့ကနေတဆင့် လှည်းကူးမြို့နယ်က မင်းနိုင်ပိုင် Nice Guy သောက်ရေသန့် စက်ရုံသို့ပို့ခဲ့ပြီး အောက်ပုဇွန်တောင်လမ်းရှိ မောင်မောင်ရဲ့ ဂိုထောင်ကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဂိုထောင်မှတဆင့် မင်းနိုင်ရဲ့ Nice Guy Clerance Service Agency ကနေ တဆင့် ကွန်တိန်နာအတွင်း မြန်မာ့ရိုးရာ အစားအသောက် တွေနဲ့ ရောနှောကာ မလေးရှားနိုင်ငံသို့ ပို့ခဲ့ပြီး မောင်မောင်(ခ)ယာဆင်းရဲ့ယောက်ဖတော်စပ်သူ ဇေယျာဟိန်းဆိုသူက ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင်ရဲ့ခင်ပွန်း အကိုကြီး(ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင်နေထိုင်သူ)ထံသို့ ဆက်လက် ပေးပို့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

play
မလေးရှားမှာ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးများ


ဇေယျာဟိန်းဆိုသူကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာတုန်းမှာ ဇွန်လ(၉)ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး  အမှုစစ်အဖွဲ့က ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး ထွက်ဆိုချက်တွေအရ ထားဝယ်မြို့တွင် နေထိုင်သူ ထားဝယ်ကြီး (ခ) အောင်လွင်နဲ့ မလေးရှားမှာ တွေ့ဆုံသိကျွမ်းခဲ့ပြီး ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်နဲ့ ဆက်သွယ်ကာ မူးယစ်ဆေးဝါးတွေကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

 ဇွန်လ (၁၂)ရက်နေ့မှာ ထားဝယ်ကြီး (ခ) အောင်လွင်ကို မလွှဲတောင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့ပြီး သူနေထိုင်တဲ့ ထားဝယ်မြို့ နေအိမ်မှ ICE (၁၀) ဂရမ် သိမ်းဆည်းရမိခဲ့ပြီး တရားခံပြေး ချင်ကျားမူ (ခ)မကျားဝေ(ခ) နှင်းဦးလွင်၊ (၄၅)နှစ်နဲ့  ဟူစိန်(ခ)မိုဟာမက်ဟူစိန်၊ (၄၄)နှစ်ခန့်၊ (ဖ)ဦးဂိုလာမာမက်တို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD