အင်းစိန်အကျဉ်းထောင်မှာ စာမေးပွဲဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူ ၃၄ ဦးအနက် ၁၉ ဦး အောင်မြင်ခဲ့တာပါ။
 

အကျဉ်းထောင်ထဲကနေ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့ အကျဉ်းသားအများစုက နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မျော်လင့် နေတယ်လို့ ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်အင်းစိန်အကျဉ်းထောင်မှာ ကျင်းပခဲ့တဲ့ ဂုဏ်ပြုပွဲမှာ ဆယ်တန်းအောင် အကျဉ်းသား ကျောင်သားတွေက ပြောပါတယ်။

‘‘အခုလို ဂုဏ်ထူးတွေနဲ့ အောင်ခဲ့တဲ့အတွက် အရမ်းလည်း ပျော်ပါတယ်။ သင်ကြားပေးတဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီးမြင့်တဲ့ ပညာတွေကိုလည်း အကျဉ်းထောင်အပြင်ကနေ ဆက်လက်လေ့လာချင်ပါတယ်’’လို့ သုံးဘာသာဂုဏ် ထူးရှင် ကိုဉာဏ်လင်းမောင်က 7Day သတင်းစာကို ပြောပါတယ်။

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူ ၃၄ ဦး ဖြေဆိုတဲ့ အနက် ၁၉ ဦး အောင်မြင်ပြီး ဝိပ္ပံတွဲ၊ ဝိဇ္ဇာတွဲဘာသာရပ်တွေနဲ့ အောင်မြင်ခဲ့ကာ သုံးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်လေးဦး ရှိခဲ့တာ ဖြစ်ပါတယ်။

အင်းစိန်အကျဉ်းထောင်က ဆယ်တန်းကျောင်းသား အပါအဝင် အခြေခံပညာကျောင်းသားတွေကို စာသင်ကြားပေးနေတာ (၄)နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် စာစစ်ဌာနရှစ်ခုမှ အကျဉ်းကျကျောင်းသား၊ ကျောင်းသူ ၁၀၄ ဦး ဝင်ရောက်ဖြေဆိုရာ ၄၇ ဦး အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က