မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တာပါ။
 

ဖေစ်ဘုတ်မှာသိကျွမ်းရင်း ချစ်သူဖြစ်သွားတဲ့သူနဲ့ အပြင်မှာချိန်းတွေ့တာ အဆင်မပြေလို့ မိမိကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့ပြီး သေကြောင်းကြံစည်မှု ဇွန်လ ၁၉ ရက် ညပိုင်းက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ News Watch သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

နောင်ချိုမြို့နယ် ဝက်ဝံကျေးရွာမှာနေတဲ့ ညီညီအောင် (၃၄) နှစ်က သူနဲ့ ဖေစ်ဘုတ်ကနေတဆင့်တွေ့ဆုံခဲ့တဲ့ မှန်တန်းရပ်ကွက် တိုးချဲ့ (၃)မှာ အိမ်ငှားနေထိုင်သူ အသက် ၂၉ နှစ်အရွယ် မ---- ကို လာရောက်တွေ့ဆုံရာ မပြေလည်လို့ မိမိကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့ပြီး သေကြောင်းကြံစည်ခဲ့တာလို့ ဆိုပါတယ်။

မိမိကိုယ်ကို မီးရှို့ခဲ့တဲ့ ညီညီအောင်ကို အနီးဝန်းကျင်နေပြည်သူတွေက ဝိုင်းဝန်း မီးငြှိမ်းသတ်ပြီး မေတ္တာမြင့်မိုရ် လူမှုကူညီရေးအသင်းယာဉ်နဲ့ အမရပူရမြို့မဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ မြို့နယ်ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီး၊ အရေပြားဌာနသို့ ဆက်လက် ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် သေကြောင်းကြံရွယ်သူ ညီညီအောင်က အသက်အန္တရာယ်မရှိ(မစိုးရိမ်ရ)တဲ့ အရေပြားမီးလောင်ဒဏ်ရာရရှိခဲ့ပြီး အမရပူရမြို့မရဲစခန်းက မိမိကိုယ်ကိုသေကြောင်းကြံမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က