ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၂၀ ရက်နေ့ မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။
 

မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်နေတဲ့ ကွင်းဆက်တရားခံတွေထဲက တိမ်းရှောင်တရားခံတွေကို ကူညီစုံစမ်း သတင်းပေးပို့ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၂၀ ရက်နေ့မှာ အကူအညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ဆက်စပ်တဲ့ ကွင်းဆက်တရားခံတွေထဲက တိမ်းရှောင်တရားခံတွေဖြစ်တဲ့ တောင်ကြီးမြို့မှာ နေထိုင်တဲ့ မချင်ကျားမူ(ခ)မကျားဝေ(ခ) မနှင်းဦးလွင်၊ မော်လမြိုင်မြို့နဲ့ ပုဇွန်တောင်မြို့နယ်မှာနေထိုင်တဲ့ ဟူစိန်(ခ)မိုဟာမက်ဟူစိန်၊ (၄၄)နှစ်ခန့်တို့ကို ကူညီစုံစမ်းပေးဖို့နဲ့ တွေ့ရှိပါက နီးစပ်ရာရဲစခန်းအသီးသီးသို့ သတင်းပေးပို့ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကွင်းဆက်တရားခံတွေဖြစ်တဲ့ ဇေယျာဟိန်းနဲ့ ထားဝယ်ကြီး (ခ) အောင်လွင်တို့ကို ထပ်မံဖမ်းဆီးရမိထားပြီး ကနဦး စိစစ်တွေ့ရှိထားတဲ့  မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းတွေကို ထိန်းသိမ်းထားပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်တဲ့ ဖမ်းမိတရားခံတွေဆီကနေ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တာကနေရရှိတဲ့ အကျိုးအမြတ်တွေနဲ့ ရယူပိုင် ဆိုင်ထားတယ်လို့ ယူဆရတဲ့ ပိုင်ဆိုင်မှုပေါင်း ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါးကို ဖမ်းဆီးထိန်းသိန်းထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က