အကြမ်းဖက်သမားတွေကို အားပေး၊ အားမြောက်လုပ်တယ်ဆိုပြီး တရားစွဲထားတာ ဖြစ်ပါတယ်။
 

လူသတ်မှုစွဲချက်နဲ့ ဖမ်းဆီး တရားစွဲဆိုခံရထားရတဲ့ "ရှိုင်း" ဆောက်လုပ်ရေး ကုမ္မဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(ခ)ဇော်ကီးအာမတ် (ဘ)နိုရာမောက်ကို မောင်တောခရိုင်တရားရုံးမှ ဇွန်လ ၂၀ ရက်နေ့မှာ တရားရှင်လွှတ်ပေးလိုက်တယ်လို့ နိရဉ္စရာ သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။

"ရှိုင်း" ဆောက်လုပ်ရေး ကုမ္မဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(ခ)ဇော်ကီးအာမတ်အား ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် ငခူရစခန်း တိုက်ခိုက်ခံရမှုမှာ အကြမ်းဖက်သမားတွေကို အားပေး၊ အားမြောက်လုပ်တယ်ဆိုပြီး ဒုရဲမှူးထွန်ထွန်းစိုးမှ တစ်ခြား ဘင်္ဂလီလူမျိုး ၄၅ ဦးနဲ့ အတူ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

"လိုပြသက်သေ ၂၁ ဦးကို စစ်ဆေးပြီးတဲ့အခါမှာ စွဲဆိုထားတဲ့ အမှုတွေနဲ့ ငြိစွန်းမှု မရှိဘူး၊ ပေါ်ပေါက်မှု မရှိဘူ၊ ခိုင်လုံမှု မရှိဘူးဆိုပြီး ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၂၅၃ (၁) အရ စွဲချက် မတင်ခင် မောင်တောခရိုင် တရားရုံးကနေ ဦးအောင်ဇော်ဝင်းကို တရားရှင်လွတ်ပေး လိုက်တာ ဖြစ်ပါတယ်”လို့ မောင်တောခရိုင် တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်သူ ဦးသင်္ခါကျော်က နိရဉ္စရာသတင်းဌာနကို ပြောပါတယ်။

မောင်တောမြို့နယ် ယခင်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ရှိုင်းဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က ထိုင်းလေကြောင်း TG နဲ့ ဘန်ကောက်သို့ ထွက်ခွာဖို့ ရောက်ရှိလာတဲ့ အချိန်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မောင်တောမြို့သို့ လွဲပြောင်းကာ အမှုစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က