အယူခံဝင်မယ်လို့ ဆိုပါတယ်။
 

FDA ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်၊ သတ်ဖြတ်လုယက်မှုနဲ့ အမှုရင်ဆိုင်နေရတဲ့ မျိုးဇော်ဦး(ခ)ဆီးဒိုးနားကို လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ မုဒိမ်းမှုပုဒ်မတွေနဲ့ အရှေ့ပိုင်းခရိုင်တရားရုံးက ဇွန်လ ၂၂ ရက်နေ့မှာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

FDA (အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန) ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်းကို အဓမ္မပြုကျင့်သတ်ဖြတ်တယ်လို့ သံသယရှိသူ မျိုးဇော်ဦး (ခေါ်) ဆီဒိုးနားကို လူသတ်မှုပုဒ်မ ၃၀၂၊ မုဒိမ်းမှုပုဒ်မ ၃၇၆၊ ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှု ၃၇၇နှင့် လုယက်မှု ကျူးလွန်ရာတွင် နာ ကျင်စေမှုပုဒ်မ ၃၉၄ တို့နဲ့ ဖေဖော်ဝါရီ ၂၂ ရက်က အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အမိန့်ချမှတ်မှုကို တရားခံဘက်က တစ်လအတွင်း အယူခံဝင်သွားမယ်လို့ တရားခံရှေ့နေ ဦးမောင်မောင်လွင်က ပြောပါတယ်။

FDA ဝန်ထမ်း မရွှေရည်ဝင်းက ဇန်နဝါရီ ၂၀ ရက်မှာ ဒဂုံမြို့နယ်က နေအိမ်သို့ ပြန်ဖို့ လှည်းတန်းလမ်းဆုံနားမှာ တက္ကစီငှားစီးတာကနေ တက္ကစီယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနား၏ အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

အသတ်ခံရသူ မရွှေရည်ဝင်း (အသက် ၂၅ နှစ်)က နေပြည်တော် အစားအသောက်နှင့် ဆေးဝါးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူးဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်ကနေ ရန်ကုန်ရှိ မိသားစုနေအိမ်သို့ ပြန်လာခဲ့ပြီး ဇန်နဝါရီလ ၂၀ ရက်နေ့မှာ နေအိမ်ကနေ အလုပ်ကိစ္စနဲ့ အပြင်ထွက်သွားရာမှ ပျောက်ဆုံးသွားလို့ ဖခင်ဖြစ်သူက ဒဂုံမြို့မရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက် မနက်ပိုင်းမှာ ငမိုးရိပ်ချောင်းကမ်းစပ်မှာ ခန္ဓာကိုယ်အောက်ပိုင်း အဝတ်ဗလာ၊ လက်ဝတ်ရတနာနဲ့ ဖုန်းတွေပျောက်ဆုံးပြီး ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က