AD
AD
AD
play

 

သန်လျင်မြို့နယ် ဘုရားကုန်းခွဲရုံသို့ ဓာတ်​အားဝင်ရောက်မယ့် ၃၃​ကေ​ဗွီ ဘတ်​စ်​ဘား ​ပေါ်သို့ ​မြွေတက်​ရောက်ခဲ့တာကြောင့် ဒီနေ့မနက်ပိုင်းက သန်လျင်မြို့နယ် ရပ်ကွက်တချို့မှာ ဓာတ်​အားပြတ်​​တောက်​​မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဘုရားကုန်း၊ တာဝမြို့ပြကွက်​သစ်​၊ အမှုထမ်း​ညောင်​သုံးပင်​ ၁၄၆ တပ်​၊ ရေတပ်​ပင်​မ၊  ဖန်​ချက်​၊ ထမလုံ စတဲ့ ရပ်​ကွက်​တွေမှာ ဓာတ်​အားပြတ်​​တောက်နေတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေး ဘုတ်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD