ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးပညာရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ရွေတိဂုံစေတီတော် တည်ရှိတဲ့ သိဂုၤတ္တရ ကုန်းတော်ကို မြေပြိုမှုမဖြစ်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မယ်လို့ သိရပါတယ်။

သိဂုၤတ္တရ ကုန်းတော် မြေပြိုမှု မဖြစ်ပွားအောင် ကြိုတင်ကာကွယ်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၂၄ ရက်က ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးပညာရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“ဒုဝန်ကြီးက စေတီတော်နဲ့ ပတ်သက်လို့ စိုးရိမ်နေတာနဲ့ ဆွေးနွေးပွဲလုပ်ဖြစ်တာပါ။ အဓိကကတော့ ဆောက်လုပ်ရေးဘက်က ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ မြေပြိုမှု မရှိအောင် ဆောင်ရွက်မယ်” လို့ ရွေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးက ပြောပါတယ်။

 

ရွှေတိဂုံစေတီရင်ပြင်တော်ဟာ ၁၄ ဧက ကျယ်ဝန်းပြီး မြေသား ထုပေ အနက် ၂၀ ခန့် ရှိတာကြောင့် ကုန်းတော် ရဲ့ မြေသားထု အောက်ခြေမှာ ကျောက်သားလွှာတစ်ထပ်ရှိနေပြီး မြေသားအတွင်း ရေစိမ့် ဝင်နိုင်တာကြောင့် ကြိုတင်ကာကွယ်မှု ပြုလုပ်ဖို့ လိုအပ်နေတယ်လို့ ရွေတိဂုံစေတီတော် ဂေါပကအဖွဲ့ကနေ သိရပါတယ်။

ယခုလအတွင်း မွန်ပြည်နယ် မော်လမြိုင်မြို့ှမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ကျိုက်သလ္လံဘုရားမှာ မြေသားပျိုကျမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က