AD
AD
AD

ကုမ္ပဏီပေါင်း ၃၀ကျော်ကနေ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှာ အလုပ်အကိုင်ပေါင်းများစွာခေါ်ယူခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ကုန်ထုတ်လုပ်ငန်းတွေအပါအ၀င် ခရီးသွားလုပ်ငန်းတွေက ခေါ်ယူတဲ့ အလုပ်အကိုင်တွေပါဝင်ခဲ့ပါတယ်။

“ ဒီမှာက trainee တွေကော၊နောက်အချိန်ပိုင်းတွေကောပါတယ်။ကျောင်းသား၊သူပေါင်း ၁၅၀၀ နီးပါးရှိပါတယ်။ကုမ္ပဏီရဲ့ လိုအပ်ချက်ရှိတဲ့အလျောက် ရာထူးတွေကို ခေါ်ယူသွားမှာပါ။နောက်ပြီးအလုပ်ရရှိမှုကလည်း လာလျှောက်တဲ့သူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အလုပ်ရကြပါတယ်။ကျောင်းသား၊ကျောင်းသူတွေကနေလည်း ပွဲတစ်ခုကို ဘယ်ုလိ လုပ်ရမယ်ဆိုတာနဲ့ ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတဲ့ အတွေ့အကြုံကောင်းတွေ ရနိုင်တာက အဓိက ရည်ရွယ်ချက်ပါ” လို့ အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်က ကျောင်းအုပ်ဆရာမကြီးဒေါက်တာတင်တင်ထွေးက ပြောပါတယ်။

အဲ့ဒီပွဲကို အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှာတက်ရောက်နေကြတဲ့ ကျောင်းသား၊သူပေါင်း ၁၅၀၀ နီးပါးလာရောက်ခဲ့တာဖြစ်ပြီးတော့ ရာခိုင်နှုန်း ၈၀ ကျော်က ကုမ္ပဏီတွေက ခေါ်ယူခဲ့တဲ့ အလုပ်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

‘ဒီမှာက တစ်ခါတည်းအလုပ်လျှောက်ပြီး အင်တာဗျူးတာတွေပါပါတယ်။အရင်လို မျိုးတစ်ခုချင်းစီလိုက်ရှာဖို့ မလိုတော့ဘူး။တစ်ခါတည်းနဲ့ အကုန် ကိုယ်သဘောကျတာလျှောက်လို့ရတယ်။ နောက်ပြီးတော့ အရင်နှစ်ကတည်း intern ၀င်ဖူးသေးတယ်။ အခုကတော့ permanent တင်တာပါ” လို့  ခရီးသွားမေဂျာက နောက်ဆုံးနှစ်ကျောင်းသူ မဆုလိမ္မာက ပြောပါတယ်။

နာမည်ကြီးကုမ္ပဏိတွေဖြစ်တဲ့ ကိုကာကိုလာ၊တယ်လီနော ၊ ယူနီလီဗား၊ ဓူဝံ၊ စတဲ့ကုမ္ပဏီတွေအပြင် ခရီးသွားကုမ္ပဏီတွေက နေလစ်လပ်နေတဲ့အလုပ်အကိုင်တွေကို အင်တာဗျူးချက်ချင်းခေါ်ဆိုပြီး အလုပ်ခန့်တာတွေပါဝင်ခဲ့ပါတယ်။

အလုပ်အကိုင်ပြပွဲကို ပြုလုပ်တာကဆိုရင် လေးကြိမ်မြောက်ဖြစ်ပြီးတော့ ယခင်နှစ်တွေတုန်းက ပုလုပ်တဲံ အလုပ်အကိုင်ပြပွဲတွေမှာလည်း လာရောက်လျှောက်ထားသူများပြားခဲ့ပြီး အလုပ်အကိုင်ရရှီမှု များပြားခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD