ဒီနေ့ ဇွန်လ ၂၆ ရက်မှာ လှိုင်သာယာမြို့နယ် မှာ ပြုလုပ်ခဲ့ပါတယ်။

၃၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃၅ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးပွဲကို ဒီနေ့ ဇွန်လ ၂၆ ရက်မှာ လှိုင်သာယာမြို့နယ် မှာ ပြုလုပ်ခဲ့ပါတယ်။

 အခုမီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် (၇)ခု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တဲ့ အမှုပေါင်း ၂၃၁၁ မှုမှ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

 

 “ ဒီထဲမှာ အများဆုံးမီးရှို့တာကတော့ စိတ်ကြွရူးသွပ်ဆေးပြား ၂၇ သန်းကျော်၊ ဘိန်းစာမှုန့်အနေနဲ့ကတော့ ကီလိုတစ်ထောင်ကျော်၊ ဆေးခြောက်အနေနဲ့ ကီလို တစ်ထောင်ကျော် မီးရှို့ပါတယ်။ မြန်မာငွေနဲ့ဆိုရင် သန်းပေါင်း ၈ သောင်း ကိုးထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်” လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယာယီရဲမှူးကြီး ရဲမှူးမြင့်ထွေးက ပြောပါတယ်။

 

ယခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး အမှုပေါင်း ၈၉၀ ကျော်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အပြင် မန္တလေးမြို့နဲ့ တောင်ကြီးမြို့တို့မှာလည်း ဇွန်လ ၂၆ ရက်နေ့မှာ တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က