နေပြည်တော် MICC _2 မှာပြုလုပ်တဲ့အခမ်းအနားမှာ သမ္မတက ကြေငြာလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ မူးယစ်ဆေးဝါးကိစ္စတွေအတွက် တိုက်ဖျက်နိုင်ဖို့ အထူးသတင်းပေးနိုင်တဲ့ တိုင်ကြားလို့ရမယ့် ဌာနတစ်ခုကို သမ္မတရုံးမှာ ဖွင့်လှစ်ထားတယ်လို့ နိုင်ငံတော်သမ္မတက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

နေပြည်တော် MICC _2 မှာပြုလုပ်တဲ့အခမ်းအနားမှာ သမ္မတက ကြေငြာလိုက်တာဖြစ်ပြီးတော့ အဲ့ဒီအခမ်းအနားကိုလည်း ဒုတိယသမ္မတ အပြင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

 

၃၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမေရိကန်ဒေါ်လာ ၆၆ ဒသမ ၃၅ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးပွဲကို ဒီနေ့ ဇွန်လ ၂၆ ရက်မှာ လှိုင်သာယာမြို့နယ် မှာ ပြုလုပ်ခဲ့ပါတယ်။

 အခုမီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် (၇)ခု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အမြန်လမ်းရဲတပ်ဖွဲ့ကနေ ဖမ်းဆီးရမိခဲ့တဲ့ အမှုပေါင်း ၂၃၁၁ မှုမှ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး အမှုပေါင်း ၈၉၀ ကျော်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့အပြင် မန္တလေးမြို့နဲ့ တောင်ကြီးမြို့တို့မှာလည်း ဇွန်လ ၂၆ ရက်နေ့မှာ တပြိုင်နက်တည်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က