တပ်မတော်အရာရှိငါးဦးနဲ့လုံခြုံရေးအရာရှိနှစ်ဦးကို ပိတ်ဆို့အရေးယူတယ်လို့ ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဥရောသမဂ္ဂ (အီးယူ) က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်အရာရှိငါးဦးနဲ့လုံခြုံရေးအရာရှိနှစ်ဦးကို ပိတ်ဆို့အရေးယူတယ်လို့ ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ပိတ်ဆို့အရေးယူခံရတဲ့ အရာရှိငါးဦးက ကာကွယ်ရေးဝန်ကြီးဌာနအမှတ် (၃) စစ်ဆင်ရေးအထူးအဖွဲ့မှုး (ကစထ-၃) တာဝန်ဆောင်ရွက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး၊ တပ်မ(၉၉) တပ်မမှုး ဗိုလ်မှုးချုပ်သန်းဦး၊ တပ်မ (၃၃) တပ်မမှုး ဗိုလ်မှုးချုပ် အောင်အောင် ၊ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှုး ဗိုလ်ချုပ်ခင်မောင်စိုးတို့ဖြစ်ပြီးတော့ ရဲအရာရှိနှစ်ဦးက တော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရဲမှုးချုပ်သူက စန်းလွင်နဲ့ အမှတ်(၈) လုံခြုံရေးရဲတပ်ဖွဲ့မှုးရဲမှုးကြီးသန့်ဇင်ဦးတို့ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

 

ရခိုင်ပြည်နယ်အရေးနဲ့ ပါတ်သတ်ပြီး ဆောင်ရွက်တဲ့ ဖြစ်စဉ်တွေမှာ ကွပ်ကဲကြပ်မတ်မှုတွေအားနည်းမှုလို့ ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။

၎င်းတို့သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက် ခွင့်ရှိမည်မဟုတ်ဘဲ ယင်းနိုင်ငံများ တွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများရှိပါ က ထိန်းချုပ်ကန့်သတ်ခံရမည်ဖြစ်သည်။ ယင်းကြေညာချက်ကို လူဇင်ဘတ်၌ ယမန်နေ့ ကျင်းပ သော ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေးအပြီးတွင် လက်မှတ်ထိုးထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က