ဇူလိုင်လ ပထမပတ်အတွင်း ကြေညာသွားမယ်လို့ ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီဝင် ဦးညီညီက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အစီအစဉ်နဲ့ ပထမဆုံးရောင်းချပေးမယ့် တန်ဖိုးနည်း တိုက်ခန်း ဝယ်ယူခွင့်ရရှိသူ စာရင်းတွေကို လာမယ့် ဇူလိုင်လ ပထမပတ်အတွင်း ကြေညာသွားမယ်လို့ ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီဝင် ဦးညီညီက ပြောပါတယ်။



တန်ဖိိုးနည်းတိုက်ခန်းပေါင်း ၁၀၀၀ အတွက် လာရောက်လျှောက်ထားတဲ့ အိမ်ထောင်စု ၆၀၀၀ ကျော်ထဲကနေ အိမ်ထောင်စု ၁၀၀၀ ကို ဇွန်လ ၂၅ ရက်က မဲနှိုက်ရွေးချယ်ခဲ့ပြီး မဲပေါက်တဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ ခရိုင်ထွေအုပ်ရုံးတွေက တဆင့် မြို့နယ်ထွေအုပ်ရုံးတွေမှာ ကြေညာပေးသွားမယ်လို့ သိရပါတယ်။

 “ မဲနှိုက်တဲ့အခါမှာ ကျောင်းသားလေးတွေကနေပြီးတော့ ပြည်သူတွေကိုယ်စားမဲနှိုက်ပေးတာပါ။ အဲဒီမှာ ပေါက်လာတဲ့ အမည်စာရင်းတွေကို စာရင်းသွင်းပါတယ်။ဒီနာမည်စာရင်းတွေကို ကွန်ပျူတာထဲ စာရင်းသွင်းနေပါပြီ။ အဲဒါပြီးသွားရင် ပြည့်သူ့အိမ်ရာ ရောင်းချရေးကော်မတိကနေ အစည်းအဝေးတစ်ရပ်ခေါ်မယ်။ မဲပေါက်တဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ မြို့နယ်ထွေအုပ်ရုံးတွေမှာ ပြည်သူတွေအနေနဲ့ လာရောက်ကြည့်ရှုနိုင်တဲ့အကြောင်း ဆက်လက်ကြေညာသွားပါမယ်” လို့ ပြည်သူ့အိမ်ရာ ရောင်းချရေး ကော်မတီဝင် တောင်ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

 

 မဲစာရင်းအမည်မှာ မပါရှိဘဲ ကျန်ရှိတဲ့ အမည်စာရင်းတွေကို စနစ်တကျ သိမ်းဆည်းထားပြီး နောက်ထပ် ရောင်းချမယ့် အိမ်ရာ တိုက်ခန်းတွေကို ဦးစားပေး အဖြစ် ရောင်းချပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဝယ်ယူမယ့်သူမှာ မိသားစုပျမ်းမျှလစဉ်ဝင်ငွေ ကျပ်သုံးသိန်း ကနေ ၁၂ သိန်းအထိ ရှိရပြီး ကနဦးအနေနဲ့ တိုက်ခန်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို အရင်ဆုံး ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်း အကျေပေးသွင်း မှု၊ မြို့ပြနှင့် အိုးအိမ် ဖွံဖြိုးရေးဘဏ်မှာ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်ပေးချေသည့် စနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ ပြည် သူ့အိမ်ရာရောင်းချရေးကော်မတီ ကနေ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ရောင်းချမယ့် အိမ်ရာတွေမှာ ဂုံမြို့ သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)၊ ကနောင်အိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House နဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က