နိုင်ငံတော် သမ္မတရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်   ခန့်အပ်တယ်လလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးကနေ ထုတ်ပြန်လိုက်ပါတယ်။


ဇူလိုင်လ ၂ ရက်နေ့မှာထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပြီးတော့ ဒေါက်တာမြလေးစိန်က မြန်မာ့လက်ရွေးစင် ကြက်တောင်ားကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဒေါက်တာမြင့်ထွေးရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ဖူးတယ်လို့ သိရပါတယ်။

 

ဒေါက်တာမြလေးစိန်က ရန်ကုန်ဆေးတက္ကသိုလ် (၁) ကနေ ၁၉၈၂ မှာ MBBS ဘွဲ့ရရှိခဲ့ပြီး အားကစားနဲ့ ဆေးဘက်ဌာနခွဲမှာ ညွှန်ကြားရေးမှုးရာထူးနဲ့ ပင်စင်ရယူခဲ့ပြီးတော့ သြစတြေးလျနိုင်ငံ New South Wales တက္ကသိုလ်ကနေ အားကစားဆေးပညာဆိုင်ရာ မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်မှာလည်း ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါက်တာမြလေးစိန်က လက်ရှိအစိုးရလက်ထက်မှာ ၁၇ ဦးမြောက် ဒုတိယဝန်ကြီးဖြစ်ပြီးတော့ ပြည်ထောင်စုအဆင့် မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပြီးမှာ ဒုတိယမြောက်အမျိုးသမီးဝန်ကြီးဖြစ်လာပါတယ်။

ဒေါက်တာမြလေးစိန်သည် လက်ရှိအစိုးရလက်ထက်တွင်၁၇ ဦးမြောက် ဒုတိယဝန်ကြီးဖြစ်ပြီး ပြည်ထောင်စုအဆင့်၌ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြီးနောက် ဒုတိယမြောက်အမျိုး သမီးဝန်ကြီးဖြစ်သည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က