အခမ်းအနားကျင်းပတဲ့ နေရာအနီးတစ်ဝိုက်မှာ ယာဉ်လမ်းကြောင်း ပိတ်ဆို့ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် ၇၁ နှစ်မြောက် အာဇာနည်နေ့မှာ အခမ်းအနားကျင်းပတဲ့ နေရာအနီးတစ်ဝိုက်မှာ ယာဉ်လမ်းကြောင်း ပိတ်ဆို့ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။



 

အနောက်ရွှေဂုံတိုင်လမ်းဆုံရာကနေ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း လင့်လမ်းနဲ့ဆုံရာအထိ၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ ဘုရားအရှေ့မုခ်စောင်းတန်းအထိ၊ အနောက်ရွှေဂုံတိုင်လမ်းမှ အာဇာနည်ဗိမာန်သို့ တတ်ရောက်ရာ အုတ်လှေကားလမ်းနဲ့ ကျောက်ဆည်ဓမ္မာရုံ ဘေးလမ်းကြားတွေကို ဖြတ်သန်းသွားလာမှု ယာယီပိတ်ဆို့ထားမှာဖြစ်ပါတယ်။ အာဇာနည်နေ့အခမ်းအနားကို ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ မနက် ၈ နာရီကနေ စတင်ကျင်းပမှာ ဖြစ်တာကြောင့် ဇူလိုင် ၁၈ ရက် ညနေ ၆ နာရီကနေ ဇူလိုင် ၁၉ ရက်နေ့ ညနေ ၆ နာရီအတွင်း ပိတ်ဆို့ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 အခမ်းအနားတတ်ရောက်မယ့် ဧည့်သည်တွေအနေနဲ့ ရွှေတိဂုံတောင်ဘက်မုခ်ကနေ အာဇာနည်လမ်းအတိုင်း ရွှေတိဂုံအရှေ့ဘက်မုခ်က တစ်ဆင့် ရွှေတိဂုံမြောက်ဘက်က အာဇာနည်ဗိမာန် ဝင်ပေါက် ၂ ကနေ ဝင်ရောက်ပြီး အနောက်ရွှေဂုံတိုင်လမ်းသို့ ဂိတ် ၃ ကနေ ပြန်လည် ထွက်ခွာရမှာဖြစ်ပါတယ်။

အများပြည်သူ ဝင်ရောက်ဂါရဝပြုနိုင်ဖို့ အာဇာနည်ဗိမာန်ကို ဇူလိုင် ၁၉ ရက် နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပြီး လာရောက်မယ့် ပြည်သူတွေအနေနဲ့ အနောက်ရွှေဂုံတိုင်လမ်းနဲ့ အာဇာနည်လမ်းဆုံရှိ ဂိတ် ၁ ကနေ ဝင်ရောက်ပြီး ဂိတ် ၂ ကတစ်ဆင့် အာဇာနည်လမ်းအတိုင်း ရွှေတိဂုံ အရှေ့ဘက် မုခ်စောင်းတန်းကို ထွက်ခွာရမှာ ဖြစ်ပါတယ်။ အာဇာနည်ဗိမာန်၊ဝန်ကြီးများရုံး၊ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ဝင်ရောက်ဂါရဝပြုကြသူတွေအနေနဲ့ ပန်းခွေ/ပန်းစည်း၊ လက်ကိုင်အိတ်၊လက်ကိုင်ဖုန်း၊ကင်မရာ၊ဗီနိုင်း၊ပုလင်း/ဘူး၊ အလံ၊ အလံကိုင်ရာမှာ အသုံးပြုတဲ့ တုတ်၊သံ၊ပိုက်/ကော်ပိုက်နဲ့ လုံခြုံရေးကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေကိုယူဆောင်ခွင့်မရှိဘူးလို့ အာဇာနည်နေ့အခမ်းအနား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီကနေ ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က