green life  အစိမ်းရောင် ဘဝအသင်းကို ရွေးချယ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် green life  အစိမ်းရောင် ဘဝအသင်းကို ရွေးချယ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

 

 

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကျေးရွာမှာ လူငယ်တွေဖွဲ့စည်းထားတဲ့ အစိမ်းရောင်ဘဝသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကျေးရွာတွင်းအမှိုက်ကင်းစင်ရေးအတွက် စွန့်ပစ်ပစ္စည်း စုဆောင်း၊သယ်ယူ တဲ့လုပ်ငန်းတွေကို ၂၀၁၁ ကနေ စပြီး လုပ်ဆောင်နေတယ်ုလိ့ ထုတ်ပြန်ထားပါတ်။

အသင်းဝင် လူငယ် ၂၈၀ ဦးအထိ လစဉ်တိုင်းမှာ လူငယ်တွေ အလှည့်ကျစနစ်နဲ့တာဝန်ထမ်းဆောင်နေပြီး အိမ်တိုင်းမှာ ဆာလာအိတ်တွေချိတ်ဆွဲထားရှိပေးတာတွေ၊ ပလက်စတစ်အမှိုက်ပုံးတွေ ထားပြီး ရွာသားတွေကို စနစ်တကျ အမှိုက်ပစ်စေဖို့ ကြိုးပမ်းတာတွေကြောင့် တစ်ရွာလုံးက ပူးပေါင်းလာကြတယ်လို့ ဆိုပါတယ်။

အမှိုက်သယ်၊အမှိုက်စွန့်ဖို့ ထော်လာဂျီတစ်စီးကို ပိုင်ဆိုင်ထားပြီး အနီးက ရွာ ၇ ရွာမှာလည်း အသင်းဝင်လူငယ်တွေက အမှိုက်စွန့်လုပ်ငန်းတွေကို ကူညီလုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။

အဲ့ဒီအချက်တွေကြောင့် ဇွန်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူတွေအဖြစ် Green life အသင်းကို ရွေးချယ်ပြီး ကျေးဇူးတင်လွှာထုတ်ပြန်တယ်လို့ သိရပါတယ်။

 

 

Share

Loading Next Article...
က္က