ထိုင်းနိုင်ငံအစိုးရက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဇူလိုင်လ ၁ ရက်က စတင်ဖမ်းဆီးနေပါတယ်။

ထိုင်းနိုင်ငံအစိုးရအနေနဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဇူလိုင်လ ၁ ရက်က စတင်ဖမ်းဆီးနေတာကြောင့် တရားမဝင် မြန်မာလုပ်သား ကိုးသောင်းကျော်လောက် နေရပ်ကို ပြန်လည်ဝင်ရောက်လာတယ်လို့ သိရပါတယ်။



 

 

တရားမဝင်မြန်မာလုပ်သားတွေဟာ နယ်စပ်ဂိတ်ပေါက်တွေက တစ်ဆင့် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိမှာ မြဝတီ ဂိတ်ပေါက်မှာ အလုပ်သမားတွေကို ပြန်လည်ကြိုဆိုရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးထားတယ်လို့ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က 7 Day Daily နေ့စဉ်သတင်းစာကို ပြောပါတယ်။

 ‘‘လက်ရှိတော့ ထိုင်းကနေ ပြန်လာတာ စုုစုပေါင်း ကြိုဆို လက်ခံရေးစခန်းက ပြန်လာတာ ရှိတယ်။ ဒီအတိုင်းပြန်လာတာ ရှိ တယ်။ ကိုးသောင်းကျော်တော့ ရှိသွားပြီ’’ လို့ ပြောပါတယ်။

 အလုပ်သမားပြန်လည်ကြိုဆိုရေးစခန်းတွေကို တာချီလိတ်နဲ့ ကော့သောင်းမြို့တွေမှာ ထပ်မံဖွင့်လှစ်ဖို့ ညှိနှိုင်းထားပြီး တရားမဝင် မြန်မာ အလုပ်သမားများကို ဖမ်းမိရင် အရေးမယူဘဲ နယ်စပ်ဂိတ်တွေက တစ်ဆင့် တရားဝင်ပြန်လည် လွှဲပြောင်းပေးဖို့ကိုလည်း နှစ်နိုင်ငံ သဘောတူညီထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ဦးရေ နှစ်သန်းခန့်ရှိပြီး ယခုနှစ် ဇွန်လကုန်အထိ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ တရားဝင်မြန်မာလုပ်သားဦးရေ ရှစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအစိုးရက နိုင်ငံခြားသားအလုပ်သမားတွေကို ဇွန်လ ၃၀ ရက်အထိ မှတ်ပုံတင်ဖို့နဲ့ သတ်မှတ်ရက်ထက် ကျော်လွန်ရင် ဖမ်းဆီးအရေးယူမှာ ဖြစ်ကြောင်း ကြေညာထားခဲ့တာဖြစ်ပါတယ်။

Photo - Ministry Of Home Affairs,Myanmar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က