မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

မိုးဆက်တိုက်ရွာသွန်းရင်  မြို့နယ် အချို့မှာ ငါးရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက နေသိရပါတယ်။

 

ဧရာဝတီမြစ်အနေနဲ့ လက်ရှိမှာ ရွှေကူမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်ဖို့ ၃ ပေ အလို၊ ချင်းတွင်းမြစ်မှာ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်ကို လာမယ့် ၃ ရက်ကနေ ငါးရက်အတွင်းရောက်ရှိနိုင်ကာ ငဝန်မြစ်အနေနဲ့ ငါးသိုင်းချောင်းနဲ့ သာပေါင်းတို့မှာ စိုးရိမ်ရေမှတ်ကို ၃ ပေ အလိုမှာ ရှိနေတယ်လို့ မိုးဇလ ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“ ဒီနောက်ပိုင်းမှာ မိုးက ဆက်လိုက်နေသေးတယ်။ ရွှေကူမှာဆိုရင်နောက် သုံးလေးရက်လောက်နေရင် စိုးရိမ်ရေမှတ်ကို ရောက်နိုင်တဲ့အနေအထားရှိတယ်။ ကသာဆိုရင်လည်း ငါးပေ ပတ်ဝန်းကျင်လောက်မှာရှိတယ်။ အဓိကကတော့ မိုးဆက်ကောင်းနေရင် စိုးရိမ်ရေမှတ်ကို လေးငါးရက်အတွင်း ရောက်နိုင်တယ်။” လို့ ဆိုပါတယ်။

စိုးရိမ်ရေမှတ်ကို ရောက်ရှိပြီဆိုရင် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်ပြီး အချို့နေရာတွေမှာဆိုရင် စိုးရိမ်ရေမှတ်မရောက်သေးပေမယ့် အနီးအနားမြို့တွေရဲ့ ကျေးရွာတွေမှာ ရေစတင်ဝင်ရောက်နေတဲ့ အနေအထားရှိနေပြီလို့လည်းသိရပါတယ်။

မြစ်ကမ်းပါးအနီးနေထိုင်သူတွေအနေနဲ့ အလွယ်တကူရှောင်ရှားလို့ရနိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်ပြီး ရေတွေဝင်ရောက်လာရင် ရေတွေကို တခြားတစ်နေရာကို လွှဲပြောင်းပေးနိုင်အောင်၊ နေထိုင်တဲ့မြို့မှာရှိတဲ့ တာတမံတွေမှာ ရေဘေးကာကွယ်မှုတွေ ဆောင်ရွက်ထားသင့်တယ်လို့ မိုးဇလ က သတိပေးထားပါတယ်။

ဇူလိုင်နှင့် သြဂုတ်သည် ဒုတိ ယရေကြီးကာလဖြစ်ပြီး ဇူလိုင်လလယ်ကစတင်ကာ မြန်မာနိုင်ငံဒေသ အများစု ပုံမှန်ထက် မိုးကောင်းလာ နိုင်တာကြောင့် ရေကြီးနစ်မြုပ်မှု ကြိုတင်သတိပြုဖို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

Share

Loading Next Article...
က္က