တာချီလိတ်သတင်းအေဂျင်စီ က ဖော်ပြထားပါတယ်။

မယ်ဆိုင်ဂူအတွင်း ကလေး ၁၂ ဦးနဲ့ နည်းပြတစ်ဦးကို အမြန်ဆုံးခေါ်ထုတ်ဖို့ ထိုင်းဘုရင် မဟာဗက်ဂျီယာလောင်ကွန်းက တိုက်တွန်း လိုက်ပါတယ်။

 

 ကလေးတွေဟာ လက်ရှိအချိန်ထိ ဂူအတွင်းမှာ ဆရာဝန်တွေ၊ ရေတပ်အထူးအဖွဲ့တွေနဲ့ အတူရှိနေဆဲဖြစ်ပြီး ဂူအတွင်းပိုင်း လမ်းကျဉ်းထဲမှာ ရေစီးသန်နေတာကြောင့် သူတို့ကို ပြန်ခေါ်ထုတ်ဖို့ အခက်အခဲဖြစ်နေပါတယ်။

အထူးရေတပ်အပါအဝင် ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေ အကောင်းဆုံးလုပ်ဆောင်နိုင်မယ်လု့ိ ယုံကြည်ကြောင်း ထိုင်းဘုရင်က မိန့်ကြားခဲ့ပြီး ဘေးအန္တရာယ်မဖြစ်အောင် သတိထားဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းလိုက်ကြောင်း တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြလိုက်ပါတယ်။

ကလေးတွေကို ကယ်ထုတ်လာပြီးရင် ဆေးရုံပို့ဆောင်ဖို့ လူနာတင်ယာဉ်နဲ့ ဆေးအဖွဲ့တွေလည်း အဆင်သင့်စောင့်ဆိုင်းနေကြပြီး ချင်းရိုင်ဆေးရုံမှာလည်း အထူးကုသခန်းကို အသင့်ပြင်ဆင်စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

 မယ်ဆိုင်ဂူအတွင်း ဇွန်လ ၂၃ ရက်နေ့ကတည်းက ပိတ်မိနေသူ ထိုင်းကျောင်းသား ၁၂ ဦးနဲ့ နည်းပြ ၁ ဦးတို့ကို ထိုင်းနိုင်ငံက တော်ဝင်ရေတပ်၊လေတပ်အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံက ပူးပေါင်းရှာဖွေပြီး ဇွန်လ ၂ ရက်နေ့ ညပိုင်းမှာပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းကို နိုင်ငံတော်အဆင့်ကယ်ဆယ်ရေးအဖြစ် သတ်မှတ်ဆောင်ရွက်နေသလို နိုင်ငံတကာက ကယ်ဆယ်ရေးသမားတွေကိုလည်း ဘုရင့်ဧည့်သည်တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က