၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ export-import ဘဏ်က မြန်မာနိုင်ငံကို ထိုင်းဘတ်ငွေ လေးဘီလီယံ ချေးယူခဲ့မှုနဲ့ ပါတ်သတ်ပြီးတော့ မသမာမှုရှိခဲ့တယ်လို့ စွပ်စွဲခံရတဲ့အမှုမှာ ထိုင်းတရားရုံးချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။



 

စီးပွားရေးအရ မိသားစုကို အမြတ်ထွက်စေခဲ့တဲ့ ထိုင်းဘတ် လေးဘီလီယံ ချေးမှုနဲ့ပါတ်သတ်ပြီးတော့ မသမာမှုရှိခဲ့တယ်ဆိုပြီးစွပ်စွဲခံရမှုမှာ ထိုင်းတရားရုံးက အဲ့ဒီဝရမ်းကို ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

သက်ဆင်က တရားရုံးလာဖို့ ပျက်ကွက်ခဲ့ပြီးတော့ သက်ဆင်ရဲ့ မျက်ကွယ်မှာမကိုင်တွယ်မီ တရားရုံးက သုံးလစောင့်ဆိုင်းမှာဖြစ်ပါတယ်။

အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ၂၀၀၈ မှာ အမှုဖွင့်ခဲ့ပေမယ့် သက်ဆင်ရောက်မလာတာကြောင့် အမှုကို ဘေးဖယ်ထားခဲ့ပါတယ်။

သက်ဆင်ရဲ့ မြန်မာနိုင်ငံကို ချေးငွေအမှုမှာ ဂြိုလ်တုဆက်သွယ်ရေးစနစ်တည်ဆောက်ဖို့ အသုံးပြုရာမှာ မြန်မာအစိုးရကို ဘတ်ငွေလေးဘီလီယံကို EXIM ဘဏ်ကို ချေးစေခြင်းဖြင့် လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က သက်ဆင်က သြဇာအာဏာကို အလွဲသုံးစားမှုနဲ့ စွပ်စွဲခံထားရပါတယ်။

ဘဏ်အတိုးနှုန်းက ၃ ရာခိုင်နှုန်းပဲရှိပြီးတော့ ဘဏ်ရဲ့ လည်ပတ်မှု ကုန်ကျစရိတ်ထက်နည်းပါးပြီး ထိုင်းဘတ်ငွေ သန်း ၆၇၀ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က