မြန်မာပလာဇာရှေ့ လမ်းနီမှတ်တိုင်အနီးမှာဖွင့်လှစ်လိုက်ပါတယ်။

ဘတ်စ်ကားရောက်ရှိချိန်ကို ဖော်ပြတဲ့ LED Screen တွေ၊ ဖုန်းနဲ့ ကွန်ပျူတာ အားသွင်းပေါက်တွေ ပါဝင်တဲ့ နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားမှတ်တိုင်တစ်ခုကို ရန်ကုန်မြို့ မြန်မာပလာဇာရှေ့ လမ်းနီမှတ်တိုင်အနီးမှာ ပထဆုံးဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။



 

 

 အဆိုပါ ကားမှတ်တိုင်ကို FMIDecaux ကုမ္ပဏီကဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ရှိ ကားမှတ်တိုင်တွေကို အဆင့်မြှင့်တင်တဲ့စီမံကိန်းကနေ ရန်ကုန်မြို့ရှိ အချက်အခြာကျတဲ့နေရာတွေမှာ ကားမှတ်တိုင် ၅၀၀ ကို ၃ နှစ်အတွင်း တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကားမှတ်တိုင်တွေမှာ ကြော်ငြာစာမျက်နှာ နှင့် ရန်ကုန်မြို့ သတင်းအချက်အလက်ပါတဲ့ ဆိုင်းဘုတ် ၊ အမှိုက်ပုံးများနှင့် သောက်ရေ၊ သုံးရေအတွက် ရေစင်တွေထားရှိမှာ ဖြစ်ပြီး မှတ်တိုင်သန့်ရှင်းရေးအတွက် ဝန်ထမ်း ၂ ဦး တာဝန်ချထားမယ်လို့ သိရပါတယ်။

 

 

ကားမှတ်တိုင်တစ်ခု အဆင့်မြှင်တင်ဖို့ အမေရိကန်ဒေါ်လာ ၂၆၀၀၀ (ငွေကျပ် သိန်း ၃၅၀) ကျော်ကုန်ကျပြီး စိန့်ဂွျှန်း၊YUFL၊ မာလာမှတ်တိုင်တွေမှာ တည်ဆောက်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

 ရန်ကုန်မြို့ ဘတ်စ်ကားမှတ်တိုင် ၅၀၀ အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၇ ဇန်နဝါရီ ၃ ရက်မှာ တင်ဒါခေါ်ယူပြီး ၂၀၁၈ ဇန်နဝါရီ ၂၀ ရက်မှာ FMIDecaux ကို လုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က