တတ်ရောက်လိုသူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းအမှတ် ၄၂၀ ရှိရမှာဖြစ်ပါတယ်။

ယခုပညာသင်နှစ်ကစပြီး ရန်ကုန်တက္ကသိုလ်မှာ ငါးလုပ်ငန်းဆိုင်ရာဘာသာရပ်ထပ်တိုးသင်ကြားမှာဖြစ်ပြီး တတ်ရောက်လိုသူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းအမှတ် ၄၂၀ ရှိရမှာဖြစ်ပါတယ်။



၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကစတင်ပြီး ရန်ကုန်တက္ကသိုလ်မှာငါးလုပ်ငန်းဆိုင်ရာသာသာရပ်အသစ် ထပ်တိုးသင်ကြားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

တတ်ရောက်လိုတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းအမှတ် ၄၂၀ ရှိရမှာဖြစ်ပြီး ဇီဝဗေဒရမှတ် အနိမ့်ဆုံး ၂၅ မှတ်နဲ့ အင်္ဂလိပ်စာရမှတ် အနိမ်ဆုံး ၆၅ မှတ်ရရှိရမှာ ဖြစ်ပါတယ်။

သင်တန်းကာလ ၄ နှစ်တတ်ရမှာဖြစ်ပြီး ချီးမြှင့်မယ့် ဘွဲ့အနေနဲ့ B.Sc (Fisheries and Aquaculture) ဘွဲ့ရရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာအနေနဲ့ ရေသတ္တဝါမွေးမြူရေးနှင့် ငါးလုပ်ငန်းစီမံခန့်ခွဲရေးဆိုင်ရာ သိပ္ပံပညာ၊ လက်တွေ့သင်ကြားမှုတွေပါဝင်တဲ့ ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ် (Fisheries and Aquaculture) ကို ရေးဆွဲထားတာဖြစ်ပါတယ်။

 

 

ခေတ်မှီဓာတ်ခွဲခန်း၊လက်တွေ့ငါးမွေးမြူရေးစခန်း၊ ရေနဲ့ အောက်ဆီဂျင်ဖလှယ်တဲ့ စနစ်နဲ့ မွေးမြူတဲ့ကန်စနစ်စတဲ့သင်ကြားရေးအထောက်အကူတွေအဖြစ် လက်တွေ့နဲ့ ဓာတ်ခွဲခန်းအတွေ့အကြုံတွေကို သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။

တတိယနှစ် ကျောင်းသားကျောင်းသူတွေအနေနဲ့ ငါး၊ပုဇွန် မွေးမြူရေးကန်တွေ၊ဓာတ်ခွဲခန်းတွေ၊ ငါးအစာစက်ရုံ၊ ငါးတန်ဖိုးမြှင့်ထုတ်ကုန်စက်ရုံ၊ ငါးအသားဖောက်စခန်းတွေမှာ အလုပ်သင်ကာလ (၁) လ ဝင်ရောက်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။

ယခုနှစ်ကစတင်ပြီး  ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်ပေါင်း ၁၁ တို့ကို တိုက်ရိုက်လျှောက်ထားခွင့်ပြုထားပြီး သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ဝင်ခွင့် (ရေးဖြေ၊နှုတ်ဖြေ) စနစ်ကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က