AD
AD
AD

ကြည့်မြင်တိုင်မှာ ပျောက်ဆုံးနေတဲ့မိန်းကလေးငယ်နှစ်ဦးကို ပြန်တွေ့ပြီလို့ ဇူလိုင်လ ၈ ရက်နေ့က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကနေပြီး သတင်းထုတ်ပြန်ပါတယ်။

play

 

သူတို့နှစ်ယောက်ကို ကြည့်မြင်တိုင်မြို့မရဲစခန်းကနေ လူပျောက်မှုနဲ့ အမှုဖွင့်တိုင်ကြားထားတာဖြစ်ပြီးတော့ ပဲခူးမြို့က နန်းတော်ရာရပ်ကွက်မှာ ပြန်လည်တွေ့ရှိတယ်လို့ ဆိုပါတယ်။


ကြည့်မြင်တိုင်က အသက် ၁၄ နှစ်အရွယ် န၀မတန်းကျောင်းသူ နှစ်ဦး ပျောက်ဆုံးနေတာဟာဆိုရင် ဇူလိုင်လ ၆ ရက်ကနေ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ငါးရက်အကြာမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၁၄ နှစ်အရွယ်ကျောင်းသူနှစ်ဦးက မ မြသက်ကေခိုင်နဲ့ မြသော်သော်ဟန်ဖြစ်ပြီးအတန်းဖော်နှစ်ဦးဖြစ်ကြပါတယ်။ မိဘတွေအနေနဲ့ လူမှုကွန်ယက်မှာ အပြင်းအထန်ရှာဖွေနေကြပြီးတော့ မြို့နယ် သုံးမြို့နယ်က ရဲစခန်းတွေမှာအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD