AD
AD
AD

ကန်တော်ကြီးတံတားပေါ်မှာ လေ့ကျင့်ခန်းပြုလုပ်နေကြစဉ်တံတားကျိုးကျမှု ဒီနေ့မနက် ၈ နာရီခန့်ကဖြစ်ပွားခဲ့ပါတယ်။

play

ဓါတ်ပုံ- ထွန်းလင်း

ကန်တော်ကြီးရေကန်က တံတားပေါ်မှာ လေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ တံတားကျိုးကျသွားတာကြောင် လေ့ကျင့်ခန်းပြုလုပ်နေသူတွေ ရေထဲကို ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

တံတားကျိုးကျတာကြောင့် ရေထဲကို ပြုတ်ကျခဲ့သူတွေကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီးတော့ အသက်အန္တရာယ်ထိခိုက်မိတာမျိုးမရှိဘူးလို့ သိရပါတယ်။

play

 

ကန်တော်ကြီးက သစ်သားတံတားဟာ ကြံ့ခိုင်မှုအားနည်းနေတာကြောင့် လက်ရှိမှာပြုပြင်မှုတွေပြုလုပ်နေတာဖြစ်ပြီးတော့ တံတားရဲ့ အချို့အစိတ်အပိုင်းတွေကို ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ကန်တော်ကြီတံတားဟာ ရွှေတိဂုံဘုရားကိုမြင်ရတာအပြင် ရန်ကုန်ရဲ့ အဓိကကျတဲ့ရှုခင်းများကိုပါ ကြည့်ရှုလို့ရတာကြောင့် မနက်ခင်းတွေမှာကန်တော်ကြီးပါတ်လမ်းတစ်လျှောက်နဲ့ ကန်တော်ကြီးတံတားမှာပါ ကိုယ်လက်လှုပ်ရှားသူတွေအများစု လာရောက်ကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD