ထိုင်းနိုင်ငံရဲ့ အကူအညီတောင်းခံမှုအရ ရှာဖွေပေးခဲ့ပေမယ့် မတွေ့တာကြောင့် ရှာဖွေမှုရပ်နားခဲ့တယ်လို့သိရပါတယ်။

ဂူအတွင်း ပိတ်မိနေတဲ့ကလေးတွေကို ကယ်ထုတ်ဖို့ လမ်းကြောင်းရှာဖွေရေးမှာ တာချီလိတ်မြို့နယ်အတွင်း ဆက်စပ်နေတဲ့ထွက်ပေါက်တွေကို မြန်မာဘက်ကနေ ရှာဖွေပေးခဲ့ပါတယ်။



ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း ပိတ်မိနေတဲ့ကလေးတွ ကယ်ထုတ်ဖို့ လမ်းကြောင်းရှာဖွေရေးမှာ မြန်မာဘက်က ၅ ကြိမ်အထိ ရှာဖွေမှုတွေ လုပ်ဆောင်ပေးခဲ့ကြောင်း တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

 

Photo - Tachileik News Agency

မြန်မာဘက်တာချီလိတ်မြို့နယ်အတွင်း မယ်ဆိုင်ဂူနဲ့ ဆက်စပ်နေတဲ့ ထွက်ပေါက်ရှိနိုင်တာကြောင့် ရှာဖွေပေးဖို့ ထိုင်းနိုင်ငံက ဇွန်လ ၂၈ ရက်မှာ  အကူအညီတောင်းခံခဲ့တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံရဲ့အကူအညီတောင်းခံမှုအရ  ဒေသတွင်းတာဝန်ရှိသူတွေ၊ လူမှုရေးအဖွဲ့ တွေပူးပေါင်းပြီး ဇွန်လ ၂၈ ရက်က စတင်ကာ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေကို ၃ ရက်ဆက်တိုက်ရှာဖွေပေးခဲ့ပေမယ့် မတွေ့တာကြောင့် ရှာဖွေမှု ရပ်နားခဲ့တယ်လို့သိရပါတယ်

 

mm 2.jpg

Photo - Tachileik News Agency

“သူတို့ပြောလာတဲ့နေရာတွေမှာ ရှာဖွေပေးသလို ဒီဒေသက ဒေသကျွမ်းကျင်သူတွေ၊ နယ်မြေအကြောင်းသိတဲ့ လူကြီးတွေနဲ့ ရှာဖွေရေးအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေပေးခဲ့ပါတယ်။ “ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

 

Photo - Tachileik News Agency

ထိုင်းနိုင်ငံဘက်က ပေးပို့တဲ့မြေပုံအရ မြန်မာဘက်ခြင်းကနေ ဇူလိုင် (၇) ရက်နဲ့ (၈) ရက်နေ့ အထိ ထပ်မံရှာဖွေပေးခဲ့ပြီး ထိုင်းဘက်ကလည်း ရှာဖွေနေရာ မယ်ဆိုင်ဂူပေါက်ကနေ တစ်ဆင့် ဇူလိုင် (၈) ရက် ညနေ ၅ နာရီကျော်မှာ ဂူထဲက လူငယ် (၄) ဦးကို ပထမဆုံးစတင်ကယ်ထုတ်လိုက်နိုင်ပြီး ဖြစ်ပါတယ်။

ပထမဆုံး လူငယ် ၄ ဦးကို ကယ်ထုတ်လိုက်ပြီးနောက် နောက်ထပ်ကလေးတွေကို ကယ်ထုတ်ဖို့ (၁၀)နာရီခန့်အချိန်ယူ ပြင်ဆင်ရမှာဖြစ်တယ်လို့ ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက သတင်းထုတ်ပြန်ထားကြောင်း တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က