အမေရိကန်သံရုံးက စိတ်ပျက်မိတယ်လို့ ထုတ်ပြန်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျို့ဝှက်အက်ဥပဒေနဲ့စွဲချက်တင်တဲ့အပေါ်ကို အမေရိကန်သံရုံးက စိတ်ပျက်ကြောင်းနဲ့ အီးယူကလည်း အမြန်ဆုံးလွှတ်ပေးဖို့ ဒီနေ့( ဇူလိုင် ၉ ရက်) မှာ ထုတ်ပြန်လိုက်ပါတယ်

 

အမေရိကန်သံရုံးက စိတ်ပျက်မိကြောင်းနဲပ သတင်းထောက်တွေအနေနဲ့ သူတို့အလုပ်ကို ပြန်လည်လုပ်ဆောင်နိုင်ဖို့နဲ့ မိသားစုဝင်တွေနဲ့ ပြန်လည်ဆုံစည်းဖို့ အာဏာပိုင်တွေက ခွင့်ပြုပေးသင့်တယ်လို့

ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တရားရုံးရဲ့ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံက သတင်းမီဒီယာလွတ်လပ်ခွင့်နဲပ တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်တစ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် အီးယူကလည်း သူတို့ရဲ့ လုပ်ငန်းကိုလုပ်ဆောင်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပါတသ်တ်တဲ့သူတို့နှစ်ဦးရဲ့ ရပိုင်ခွင့်တွေကို ဆန့်ကျင်နေတာတွေအတွက်ဖြေလျော့ပေးဖို့ နဲ့ သူတို့မိသားစုနဲ့ အမြန်ပြန်ဆုံစည်းနိုင်ဖို့ အမြန်ပြန်လွှတ်ပေးစေချင်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

သတင်းထောက်နှစ်ဦးကို ဒီဇင်ဘာ ၁၂ ၂၀၁၇ ခုနစ်ကတည်းက ရခိုင်ကကိစ္စတွေနဲ့ပါတ်သတ်ပြီးနိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးနေတာဟာဆိုရင် ခြောက်လကျော်ကြာမြင့်ခဲ့တာဖြစ်ပြီးတော့

ဇူလိုင်လ ၉ ရက်နေ့မှာတော့  နိုင်ငံတော်လျို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ  ၃ (၁) (ဂ) နဲ့ စွဲချက်တင်ဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က