AD
AD
AD

ခြိမ်းခြောက်ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်ခဲ့သည့် နေပြည်တော်တိုင်း(မ်) သတင်းထောက်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

play
Photo - ပြည်ထဲရေးဝန်ကြီးဌာန



၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက် နေ့လည် ၁ နာရီ အချိန်ခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သရက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၏နေအိမ်တွင် အမည် မသိအမျိုးသား(၄)ဦး သည် ၎င်းတို့ကနေပြည်တော်မှ မော်လိုက်ခရိုင်တွင် တာဝန်ပေး ထားသော စစစ၊ ဒ/န၊ SB၊ မီဒီယာအဖွဲ့ ပေါင်းစုံဖြစ်ကြောင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်း၌ သစ်စက်လုပ်ကိုင်သူအမည်စာရင်း(၁၀)ဦးရှိပြီး အဆိုပါလူ(၁၀)ဦး၏ မှတ်ပုံတင်များကို ဓာတ်ပုံ ရိုက်ပြီး တစ်ဦးလျှင် (၁)သိန်းခွဲနှုန်းဖြင့် (၁၅)သိန်းတောင်းခံခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။

အဆိုပါငွေကို မပေးပါက ဖမ်းဆီးပြီး ရိုက်ပုတ်နှိပ်စက်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သည့်အတွက် အုပ်ချုပ်ရေးမှူး ဦးထိန်လင်း မှ ကျေးရွာရှိတာဝန်ရှိသူများနှင့်တိုင်ပင်၍ ကျေးရွာစာသင်ကျောင်းအုတ်တံတိုင်းခတ်ရန် စုဆောင်း ထားသည့်ငွေ(၁၀)သိန်းအား ပေးအပ်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 

play
Photo - ပြည်ထဲရေးဝန်ကြီးဌာန


ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ခြိမ်းခြောက်ငွေတောင်းယူသူတွေကတော့ နေပြည်တော်တိုင်း(မ်)မှုခင်းသတင်းထောက်(မော်လိုက်ခရိုင်တာဝန်ခံ)လို့ ဆိုသူတွေဖြစ်ကြတဲ့ မောင်ဆန်း၊ ၃၆ နှစ် (ဖ)ဦးညွန့်၊ ရှောက်တောကျေးရွာ၊ ပွင့်ဖြူမြို့နယ်၊ အောင်ဖြိုးဝေ၊ ၂၁ နှစ် (ဖ)ဦးညွန့်၊ ရှောက်တောကျေးရွာ၊ ပွင့်ဖြူမြို့နယ်၊ မောင်စိုး၊ ၅၄ နှစ် (ဖ)ဦးအောင်ရှိန်၊ ကံကြီးကျေးရွာ၊ ကလေး မြို့နယ်နှင့် ကီးအောင်မင်း၊ ၄၆ နှစ်(ဖ)ဦးလေဟာကီး၊ ကြံသာကျေးရွာ၊ ကလေးမြို့နယ်နေသူတို့ဖြစ်ကြပါတယ်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမျှားမှာ“ နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းများရဲ့အသွင်သဏ္ဍာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စားဆင်ယင်ခြင်း မပြုကြရန်နှင့် ၀တ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း” ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း မှုခင်းသတင်း ထောက်များအပါအဝင်သတင်းထောက်အသင်းဝင်များအနေဖြင့်နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့်အသွင်သဏ္ဍာန်တူသော ဝတ်စုံများဝတ်ခြင်းနှင့်ဥပဒေမဲ့ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်မံကြေညာထားပြီးဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD