တန်ဖိုးဖြတ်မရတဲ့ အနုပညာရှင်ကြီးကွယ်လွန်သွားတာပါ။

အနုပညာရှင်ကြီးဦးရဲလွင် (ပန်းရဲ့လမ်း) ဟာ ဒီနေ့ညမှာပဲ သူတက်ရောက်ဆေးကုသနေတဲ့ ဆေးရုံကြီးမှာ ဆုံးပါးသွားပြီလို့သိရပါ။





မဇ္ဈိမလှိုင်းရဲ့ Bass ဂစ်တာသမားကြီး တေးရေး၊ တေးဆို ဂီတပညာရှင် ဦးရဲလွင် အသည်းရောဂါနှင့် ဆေးရုံတက်ရောက်ကုသခံနေရရင်း ဒီနေ့ ဇူလိုင်လ ၁၀ ရက်နေ့ညနေ ၄ း ၁၀ မိနစ် မှာ ကွယ်လွန်သွား ခဲ့တာဖြစ်ပါတယ်။




ဦးရဲလွင်ဟာ လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့တွင် ဂီတမှူးအဖြစ် ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့က စပြီး ကွယ်လွန်ချိန်ထိ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ငြိမ်းချမ်းရေးအတွက် ဂီတဖြင့် ဖျော်ဖြေပေးနေကာလူမှုရေးများ လုပ်ကိုင်နေခဲ့တာလည်းဖြစ်ပါတယ်။


 



လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအနေနဲ့ ဖွံ့ဖြိုးရေး ကျန်းမာရေး၊ လူမှုရေးနဲ့ ဒုက္ခရောက်နေသာ ပြည်သူများကို နေရာအတော်များများမှာသွားရောက်လှူဒါန်းနိုင်ခဲ့တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က