ထွက်ပြေးတိမ်းရှောင်နေတဲ့တရားခံကို ဖမ်းမိခဲ့ပါတယ်။

သာကေတမြို့နယ် ၁၀/ တောင် (၁၄) ရပ်ကွက်၊စည်ပင်ဝင်း၊ ရှုခင်းသာအတွင်းလမ်းဘေးမှာ လူတစ်ဦး အသတ်ခံရမှုနဲ့ပါတ်သတ်ပြီးတော့ တရားခံကို အခင်းဖြစ်ပွားပြီးလေးရက်အကြာမှာ ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

36898689_1561413660654562_7414222964423393280_n.jpg 

ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုုင်းက သာကေတ ၁၀ တောင်(၁၄ )ရပ်ကွက်စည်ပင်ဝင်း၊ ရှုခင်းသာအတွင်းလမ်းဘေးက ရေမြောင်းမှာ အမျိုးသားတစ်ဦး သေဆုံးနေပြီး သေဆုံးသူ ကိုမင်းမင်းအောင် (၃၉) နှစ်မှာာ ဦးခေါင်းနောက်စေ့ ခြောက်လက်မခန့်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲနဖူးညိုမဲ ဒဏ်ရာ ၁ချက် ၊ လည်ပင်းပွန်းရှဒဏ်ရာ ၁ ချက် ရရှိပြီးသေဆုံးနေပြီးတော့ အနီးမှာ သွေးကွက်တွေ နဲ့ လုံးပတ် ၁၄ လက်မခန့်ရှိတဲ့ ကျောက်ခဲတစ်လုံးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဖော်ပြထားပါတယ်။



အဲ့ဒီအမှုကို သာကေတနယ်မြေရဲစခန်းက နေ (ပ) ၄၉၁/၂၀၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူက သာကေတမြို့နယ် ၆ ရပ်ကွက်မှာနေတဲ့ သန်းအေးဖြစ်ပြီးတောာ့ အဲ့ဒီနေ့မနက်မှာပဲ ဧရာဝတီတိုင်းဒေသကြီး ဒေဒရဲမြို့ကို ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပြီးတော့ ဇူလိုင်လ ၁၀ ရက်ေ့မှာ ဘိုကလေးမြို့နယ် ၊ထော်ပိုင်ကျေးရွာ၊အေးချမ်းသာယာကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က