AD
AD
AD

သြစတြေးလျရဲတပ်ဖွဲ့ နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီးတော့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတွေကို နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ကျူးလွန်ရာမှာ ပါဝင်တဲ့ တရားခံပြေးတွေ၊စောင့်ကြည့်ပစ်မှတ်တွေနဲ့ ပတ်သတ်ပြီးတော့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို နှစ်နိုင်ငံပူးပေါင်းပြီးဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

play
Photo : ပြည်ထဲရေးဝန်ကြီးဌာန


မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆောင်ရွက်နေတဲ့ Operation Dragon နဲ့ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP ) ကဆောင်ရွက်နေတဲ့ Operation Kungur တို့ပူးပေါင်းတဲ့ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးကို ရန်ကုန်က Pan Pacific ဟိုတယ်မှာဇူလိုင်လ ၉ ရက်နေ့က ကျင်းပခဲ့ပြီးခုလို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၁) (စီမံ/အုပ်ချုပ်) ရဲမှုးချုပ်မျိုးဆွေဝင်းနဲ့ အင်ဒိုနီးရှားအခြေစိုက် AFP ရုံးက South East Asia မန်နေဂျာ Mr.Jamie Strauss တို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

play


အဲ့ဒီအစည်းအဝေးကို မြန်မာ၊ သြစတြးလျ၊ တရုတ်၊ ထိုင်း၊ မလေး၊ ကမ္ဘောဒီးယား၊ အင်ဒို၊ဟောင်ကောင်မှာရှိတဲ့ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ နဲ့မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအုပ်ချုပ်မှုအဖွဲ့ရုံး က အရာရှိတွေ၊ မူးယစ်ရဲတပ်ဖွဲ့ က ရဲအရာရှိတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးပြဿနာဟာ မြန်မာနိုင်ငံရဲ့ အဓိကဖြေရှင်းရမယ့် အချက်တွေထဲမှာပါဝင်နေပြီးတော့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က မူးယစ်ဆေးဝါးပြသနာကို ဖြေရှင်းမယ်ဆိုပြီး ကတိပေးပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

play



အလားတူပဲ မူးယစ်ဆေးဝါးနဲ့ ပါတ်သတ်ပြီးသတင်းပေးတိုင်ကြားဖို့ကို နိုင်ငံတော်သမ္မတရုံးက
ဌာန ကို ဇွန်လ ၂၂ ရက်နေ့က ဖွင့်လှစ်ထားပြီးတော့ တိုက်ရိုက်တိုင်ကြားနိုင်တဲ့ နံပါတ်တွေဖြစ်တဲ့ 067-590200 , 067-590233 ကို တိုင်ကြားနိုင်တယ်ဆိုပြီး ကြေငြာခဲ့ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD