မြန်မာဟာ ပြောရဆိုရခက်တဲ့ နိုင်ငံလို့ အမေရိကန်က သတ်မှတ်လိုက်ပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတွေကို ပြောရဆိုရခက်တဲ့ နိုင်ငံတွေစာရင်းသွင်းလိုက်ပြီး ဗီဇာထုတ်ပေးမှုတွေ ကန့်သတ်လိုက်တယ်ဆိုပြီး အမေရိကန်စိုးရရဲ့ တရားဝင် ဝက်ဆိုက်ဒ်ကနေ တရား ဝင် ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။



Photo - hurray.usa.nl





အမေရိကန်ကနေ နှင်ထုတ်ထားတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်လက်ခံဖို့ ငြင်းဆိုခဲ့တဲ့ အတွက် ခုလို လုပ်တာဖြစ်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။ အမေရိကန်အစိုးရက သတ်မှတ်ထားတဲ့ ဗီဇာ အမျိုးအစားတွေကို ဗီဇာကန့်သတ်မှုတွေ စတင်လုပ်ဆောင်ဖို့ အဲဒီ ၂ နိုင်ငံမှာရှိတဲ့ ကောင်စစ်ဝန်အရာရှိတွေကို အမိန့်ပေးညွှန်ကြားမှုတွေပြုလုပ်ထားပါတယ်။

 

ဝန်ကြီးဌာန နှစ်ခုက ညွန်ကြားရေးမှူးချုပ် နဲ့ ၎င်းရဲ့အထက်ရှိ အရာရှိ များ၊ ၎င်းတို့၏ မိသားစုများကို non immigrant visa များ ဖြစ်သော B1 နှင့် B2 ဗီဇာ အားလုံးကို ထုတ်ပေးခြင်းရပ်ဆိုင်လိုက်တာပါ။ B1 visa က လုပ်ငန်း ဗီဇာဖြစ်ပြီး B2 visa ကတော့ အလည် ဗီဇာပဲ ဖြစ်ပါတယ်။



အမေရိကန်ကနေ ပြောဆိုတဲ့ ပြောဆိုချက်တွေကို မလိုက်နာတာနဲ့ပတ်သက်ပြီး ခုဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်အစိုးရက သတ်မှတ်ထားတဲ့ပြောရဆိုရခက်တဲ့ နိုင်ငံထဲမှာ စာရင်းဝင်သွားပြီဖြစ်ပါတယ်။



အဲ့ဒီထုတ်ပြန်ကြေညာချက်ထဲမှာ လျော်ကန်တဲ့ တုန့်ပြန်မှုမရှိဘူးဆိုရင် ပိတ်ပင်မှုတွေကိုဆက်လုပ်သွားမှာဖြစ်ပြီး Department of Homeland Security က မဆုံးဖြတ်မချင်း အဆိုပါ ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းထားမယ်ဆိုပါတယ်။



အမေရိကန်အစိုးရရဲ့ပြောရဆိုရခက်တဲ့ နိုင်ငံစာရင်းထဲမှာ နိုင်ငံ ၉ ခုပါရှိပြီး အမေရိကန်ပြည်ထောင်စုမှ နှင်ထုတ်တဲ့ နိုင်ငံသားတွေကို ပြန်လည်လက်ခံနိုင်ဖို့အတွက် ငြင်းဆိုလို့ ခုလိုစာရင်းထဲကို ထည့်သွင်း လိုက်တာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က